ကျေးဇူးတင်လွှာ

885 54 103
                                    

Unicode.......

နောက်ဆုံးတော့လည်း သည်နေ့ကိုရောက်လာပြီပေါ့နော်။ (31.5.2023)ကနေ စလိုက်တာ (14.1.2024)ရောက်မှပြီးရတယ်လို့။ နှစ်သစ်ထိဆွဲမခေါ်ချင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ရှည်လျားမှုကြောင့် တစ်လရဲ့လဝက်ထိတောင် ရောက်လာရတယ်ဗျာ။

ဘာပဲဖြစ်ဖြစ် အချိန်တွေအများကြီးအတူရှိနေကြရတာမလို့ အကုန်လုံးကို လွမ်းနေရမှာတော့အသေအချာပါဘဲ။ ဒီပလော့က စဦးပိုင်းက မျိုးစုံပြောင်းနေခဲ့တာ။ အပိုင်း(၁)ကိုပဲ ကျွန်တော်ပြန်ရေးရတာ သုံးခါမကဘူး။ နောက်ဆုံးမှ ပလော့က အတည်တကျဖြစ်သွားခဲ့ပြီး သည်ခြေလှမ်းလေးကို စနိုင်ခဲ့တာပါ။ ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ချီးကျူးမိပါတယ် ><။ ကိုယ်ဖန်တီးသမျှထဲ ဒါလေးက masterpiece အဖြစ်ဆုံးပဲ။ 😁

Fiction တစ်ခု အစပြုလိုက်တိုင်း စာဖတ်သူတွေအတွက် message တစ်ခုလောက်ဖြစ်ဖြစ် ရအောင်ရေးချင်ခဲ့ပေမယ့် ရင့်တို့မှာတော့ ဗဟုသုတရစရာကို ဘာမှထည့်မရေးနိုင်လိုက်ဘူး။ ဒီ fiction မှာ ရသွားတာကတော့ အကုသိုလ်နဲ့ငရဲပဲရှိပါတယ်။ ကျွန်တော်လည်း ငရဲပဲရပါတယ်။ sorry to all of you guys for that.

Anyway, ရင့်ကလေးရေ.. mainဇာတ်ကောင်အနေနဲ့ ဖန်တီးခဲ့မိပြီး မင်းကို ဒဏ်ရာတွေအများကြီးပေးခဲ့မိတာတောင် ကိုယ့်ထိန်းချုပ်မှုအောက်မှာ ပုံစံမပျက်ရှိနေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်းအချစ်ခံရတဲ့ကလေးမလို့ အခုအချိန်မှာ ဋိတ်ရဲ့အချစ်တွေနဲ့ပျော်မွေ့နေပြီမဟုတ်လား။ မင်းကမ္ဘာလေးမှာ မင်းပျော်နေပြီဆို မင်းကိုဖန်တီးရကျိုးနပ်ပါတယ်။

ရေးနေကျက အမြဲစိမ်းတောလေး‌တွေပေမယ့် ဋိတ်ကျမှ အရောင်နည်းနည်းပြောင်းသွားရတယ်။ အစိမ်းမကျ၊ အနီမကျ ကြားရောင်ကြီး ကိုကိုဋိတ်ရေ တကယ်ကျေးဇူးတင်ပါတယ်။ ဇာတ်ကောင်တွေကို ဖန်တီးရလို့ပျော်တယ်ဆိုတာမျိုးကို မင်းတို့နဲ့မှ လက်တွေ့ကျကျခံစားဖူးခဲ့တာ။ အနားမှာအတူရှိနေပေးပြီး ငိုတစ်လှည့်၊ရယ်တစ်လှည့်နဲ့ ဖန်တီးခွင့်ပြုခဲ့လို့ အတိုင်းအဆမရှိကို တကယ်ကျေးဇူးတင်ရပါတယ် ကလေးတွေရယ်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now