(၅၀)

2K 79 22
                                    

Unicode.......

မြင်နေရသည့် မြင်ကွင်းအား ရင့်သဘောမတွေ့လှပေမယ့် ကိုယ်နဲ့မဆိုင်တော့တာမို့ ဘာမှလည်း ပြောမရချေ။ဋိတ်ဟန်သာညီနား ရစ်သီရစ်သီလုပ်နေတဲ့ အဲ့သည့်ကောင်လေးသေးသေးလေးကို အနားသွားပြီး နားရင်းအုပ်လိုက်ချင်စိတ်ပဲ တဖွားဖွား။ခန္ဓာကိုယ်ကြည့်တော့ အဖေနဲ့သားလောက် ကွာနေတာကို ဋိတ်အနားကပ်နေသည့်မှာ မိုးရွာမှကွာကျမည့် တောက်တဲ့အလား။

"ဘယ်သူ့ကိုကြည့် အဲ အဲ့ကောင်လေးက တကယ်ချစ်စရာလေးနော် အရင်ကဆို ဋိတ်ဟန်သာညီနဲ့ သတင်းတောင်ထွက်ဖူးသေးတယ်"

ဆံပင်တွေကို ဝဲခနဲခါကာ ထိုင်ခုံပေါ် ထိုင်ချလာသည့်ပြည့်သက်မှူးသွင်သည် ရင့်၏အကြည့်လားရာကိုကြည့်ကာ မီးလောင်ရာလေပင့်နေသော စကားတွေကို ဆိုလာသည့်အခါ ရင့်တစ်ချက်သာ ကြည့်လိုက်မိပြီး ထမင်းကြော်ပန်းကန်းကိုသာ ခက်ရင်းနဲ့ထိုးဆွနေမိသည်။အလကားနေရင်း စိတ်က မကြည်တော့ သူ့ဟာသူ အလုံးတိုင်းရှိနေသည့် ကြက်ဉကိုပါ အနှစ်တွေဖောက်ထုတ်လိုက်မိသည်။အထဲက လုံးဝမကျက်တာမို့ ကြက်ဉနှစ်ရည်တွေက ထမင်းကြော်ထဲ နစ်ဝင်လာသည်အခါ ကြည့်နေရင်း စားချင်စိတ်က မရှိတော့ပြန်ပေ။

ပန်းကန်ကို လက်ဖနောင့်နဲ့ဆောင့်တွန်းလိုက်ကာ စိတ်ရှုပ်စွာ ဆံပင်တွေကို ဆွဲဖွမိသည်။ရင်ထဲ ပူလောင်လာသည်ကြောင့် 'ရင့်မာန်သွေးရေ မင်းဟာမဟုတ်တော့ဘူး မင်းဟာမဟုတ်တော့ဘူးလို့'အကြိမ်ကြိမ် အော်ဟစ်ရင်း သတိပေးနေရသည်။

သို့သော်လည်း မြင်ကွင်းက မရှုစိမ့်နိုင်။ထိုင်နေသည့် ဋိတ်၏ ပေါင်ပေါ် တက်ထိုင်လုမတတ် နီးကပ်နေသည့်အပြင် မျက်နှာကို အတင်းငုံ့ကိုင်း ကြည့်နေသည်ကြောင့် တော်တော်လေး လင်တရူးနေလားလို့တောင် အော်ပြောလိုက်ချင်တဲ့ စိတ်အခြေအနေ။လောလောဆယ်တော့ လင်တရူးနေတာ ရင့်မာန်သွေး ဆိုတာကတော့ လျစ်လျူရှုထားလိုက်သည်။အရင်က ကိုယ့်ရည်းစားပဲလေနော်။

"ဋိတ်ဟန်သာညီနဲ့ လိုက်တယ်နော် ကိုကိုနဲ့ဘေဘီ ပုံစံလေးလေ အသည်းယားစရာ"

" မနက်စာပဲ စားလို့ရမလား ပြည့်သက်မှူးသွင်"

"အဟင်း ဘာလို့လဲ ရင့်က သဝန်တိုနေတာလား ဋိတ်ဟန်သာညီကို အမှန်တော့ သဝန်တိုရင် ရင့်ပဲရှုံးလိမ့်မယ်နော် ဋိတ်ဟန်သာညီက အဲ့ကောင်လေးနဲ့ သတင်းထွက်နေတာ ပြည့်တို့ ပထမနှစ်လောက်ကတည်းက ပြောမရဘူး ဋိတ်ဟန်သာညီက စိတ်ရှိရင် ရှိမှာ"

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now