(၂)

3.7K 158 35
                                    

Unicode........

"မင်းက အမြဲ ငါတို့မိသားစုကို အရှက်ရအောင်လုပ်နေတဲ့ကောင်ပဲ"

ဖြန်း!

မာမာထန်ထန်နဲ့ပြောသံနောက်မှာ ဝါးခြမ်းပြားနဲ့ ရိုက်ချက်တွေက ခြေတလုံးပြင်ထက်မှာ ဆက်တိုက်ဆိုသလို။လောလောလတ်လတ်ခွဲထားတဲ့ ဝါးရိုးပြားမလို့ အကြောမသတ်ထားရာ ရိုက်ချက်အပြင် ရှရာတွေကြောင့် သွေးစအချို့ပင်ထွက်နေတော့သည်။ခြေတလုံးဖြူဖြူလေးဟာ မညှာမတာရိုက်ချက်တွေကြောင့် ညိုပုတ်နေလေပြီ။

"ညီမကို ခေါ်သွားပြီး ဘယ်တော့မှ ဂရုမစိုက်ဘူး၊ငါ့သမီးဒဏ်ရာရတာမကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲဟမ် ပြောလိုက်ရင် မထုံတတ်တေး ပေကပ်ကပ်နဲ့ မင်းကတကယ်ဂြိုဟ်ကောင်ပဲ"

ပါးစပ်ကလည်းပြော၊လက်ကလည်း မနားတမ်းရိုက်သည်။သိစေချင်တယ်။ရိုက်ချက်တွေထက် စကားတွေကို ပိုနာပါတယ်ဆိုတာ ပြောပြချင်ပါတယ်။မထုံတတ်တေး ပေကပ်ကပ်လုပ်နေတဲ့သူ့မှာလည်း ခံစားတတ်တဲ့နှလုံးသားရှိပါတယ်။မဖော်ပြဘူးဆိုတိုင်း မနာတတ်လို့မှ မဟုတ်ခဲ့ဘဲ။

တင်းထားခဲ့တဲ့ သူ့စိတ်ကြောင့် အသည်းခိုက်မတတ်သူနာနေသည့်တိုင် မျက်နှာမှာတစ်ချက်မဖော်ပြခဲ့သလို အခုချိန်ထိ မျက်ရည်ပင်ဝဲမလာသေး။မငိုဘူး။သူ့ကိုမလိုလားတဲ့ သည်မိသားစုရှေ့မှာ ဘယ်တော့မှမျက်ရည်ကျပြမှာမဟုတ်ဘူး။

"တော်ပါတော့ အစ်ကိုရယ် သားလေးနာနေပြီ"

"မင်းဝင်မပါနဲ့ ဒီ့ကောင်အကြောကို ဒီနေ့ရအောင်ချိုးမှာ"

"တော်ပါတော့ ပါးပါးရယ်။ကိုကို့မျက်နှာကိုလည်းကြည့်ပါဦး သမီးအတွက်နဲ့ရန်ဖြစ်လာရတဲ့ဟာကို ပါးပါးကထပ်ရိုက်တော့ ကိုကိုအရမ်းနာနေပြီလေ ပါးပါးက တကယ်မကောင်းဘူး"

"နင်ဝင်မပါနဲ့ ရော်ရွက်ဝါ"

သူ့ကိစ္စကို သူသာလျှင်ပြီးဆုံးအောင်တာဝန်ခံမည်။ဘယ်သူ့ပရောဂကြောင့်နဲ့မှ သူ့ကိုလျော့ပေါ့ပေးမည်ကို မလိုချင်ပါ။အထူးသဖြင့် ခြောက်တန်းသာရှိသေးသည့် ပါးပါးအချစ်တော်ရော်ရွက်ဝါကြောင့် ပိုမဖြစ်စေချင်ပါ။ရင့်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခဲ့ပါသည်။လောလောလတ်လတ်ခွဲထားသည့် ဝါးရိုးပြားခပ်ထူထူကျိုးသွားကာမှ ပါးပါးသူ့ကိုရိုက်ခြင်းအဆုံးသတ်သွားခဲ့လေသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now