(၂၁)

1.7K 92 16
                                    

Unicode......

"ဋိတ် canteen ခဏသွားရအောင် ဗိုက်ဆာလို့"

"ရင့်ခုနက သွားပြီပြီမဟုတ်ဘူးလား"

"အဲ့တာက အီစီကလီသွားလုပ်တာ ထမင်းမစားရသေးဘူး‌လို့"

"ရွှန်းခေတ်နဒီက မကျွေးလို့လား"

"စားမဝင်လို့"

ဋိတ်နဲ့အတူစားနေကြမလို့ နှစ်ယောက်အတူတူမှာ တစ်ဦးတစ်ယောက်ကများခွဲထွက်ကာ လက်ဆုံမစားရတော့ရင် ရင့်မှာမနေတတ်ချေ။စားလို့လည်းမရချေ။အခုလည်း ရွှန်းခေတ်နဒီက စားပါဟု ဟင်းတွေအများကြီးထည့်ကျွေးသည့်တိုင် နေသားမကျ၍ သူစားလို့မဝင်ခဲ့ပါချေ။တို့စိတို့စိလေးသာ စားခဲ့တာမို့ ဗိုက်ဆာနေသည်မို့ ဋိတ်ကိုအဖော်စပ်သည်တွင် သူ့ကိုပြုံးစစကြည့်နေသည့် ဋိတ်က ‌ဘာကိုအဓိပ္ပာယ်ပေါက်သွားလဲမသိ။

"မျက်နှာကြည့်လို့ ဝတယ်ဆိုတာ စကားအဖြစ်ပဲရှိတာနော် ကိုယ့်ရင့်"

"လီး! ပေါက်ကရတွေလာမပြောနဲ့ မျက်နှာကြည့်စားရအောင် ရွှန်းခေတ်နဒီက ဝက်သားဟင်းလည်းမဟုတ်ဘူး"

"ဟက်! မကြည့်ဘူးပေါ့"

"မသိဘူးကွာ သဘောတော့ကျပေမယ့် ထမင်းစားရတာ စိမ်းသက်သက်ကြီး"

ချိုချိုသာသာလေးစကားပြောတာ၊ရယ်သံလွင်လွင်လေးထွက်သည်အထိရယ်တာ၊မျက်နှာနှာလှလှလေး‌ရှိလို့ သဘောကျပေမယ့် စိမ်းသက်သည့်ခံစားချက်သည်ဘာလို့မှန်းမသိ။ရင်ခုန်နေပေမယ့် ရင်ဘတ်‌ထဲထိတော့ မရောက်သေးသလိုပါပင်။

ဋိတ်ဟန်သာညီကတော့ပြုံးပါသည်။ပြီးမှ ခေါင်းကိုငုံ့ကာ ဘာကိုခပ်တိုးတိုးရေရွတ်လိုက်မှန်းမသိပေမယ့် သွားတန်းလေးတွေပေါ်အောင်ပြုံးနေတာတော့မြင်မိသည်။ဘာနေနေ ဋိတ်ဟန်သာညီက ရယ်လိုက်ရင်တော်တော်ချောတာပင်။လည်ပင်းက တက်တူးနှစ်ခုက မေးရိုးချွန်တဲ့ သူ့မျက်နှာကို ပံ့ပို့ပေးနေသယောင် ဆွဲဆောင်မှုရှိလွန်းလှသည်။မျက်လုံးမျက်ဆံသည် ညို့နက်နေကာ အကြည့်တစ်ချက်မှာတင် ဗိုင်းခနဲလဲနိုင်သည်အထိ ဖမ်းစားမှု၊မထူမပါးလေးကိုင်းသဏ္ဌာန်နှုတ်ခမ်းက လွန့်ခနဲပြုံးလိုက်ရင် အသက်ပါပါသွားသည်ဟု ထင်ရနိုင်သည်။ဒီကြားထဲ ဆံပင်က ဘေးခွဲလေးကို ပုံကျကျချထားသည်မို့ တစ်ခါမြင်ရုံနဲ့ စွဲလမ်းသွားနိုင်မည့် ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသည့် ဋိတ်အား ရင့်မှာမျက်တောင်မခတ်ငေးမိသည့်အခါ ဋိတ်ဆီမှ'ကိုယ်အရမ်းချောနေလား'ဟု ခပ်စစပြုံးကာဆိုလာသည့်အခါမှ ကိုယ်ဟန်ဖို့ ချောင်းတဟန့်ဟန့်ဖြစ်ရသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now