Unicode........
ချပ်!
တံခါးဖွင့်သံနဲ့အတူ အထဲသို့ဝင်ရောက်လာသော အပေါ်အနက်၊အောက်အနက်ကို စတိုင်လ်ကျစွာဝတ်ထားသော တောင့်ဖြောင့်ဖြောင့်လူပေါ်သို့ ရင့်သည် ခုန်တက်လေသည်။လက်ထဲမုန့်တွေပါလာသည်မလို့ လက်တွေမအားသော ဋိတ်ဟန်သာညီသည် ရင့်မာန်သွေးအား ခန္ဓာကိုယ်နဲ့သာထိန်းထားလေသည်။လည်ပင်းကို လက်နှစ်ဖက်နှင့်ကျစ်နေအောင်ဖက်တွယ်ထား၍ ဋိတ်ဟန်သာညီ၏ လည်ပင်းတွေကို တရွှတ်ရွှတ်နမ်းရှိုက်နေလေသည်။လည်ပင်းတွေပြီးသည်နှင့် မျက်နှာအနှံ့ဖြန့်ကျက်လာသည့်အနမ်းများကြောင့် ဋိတ်မှာ ဖိနပ်ချွတ်ရနိုးနိုး၊ရင့်ကိုပဲ မွတ်မွတ်သိပ်သိပ်ပြန်နမ်းလိုက်ရနိုးနိုး။
"ဒီ့ထက်နောက်ကျဦးမယ်ထင်နေတာ"
"အလုပ်စောစောဖြတ်လိုက်တယ်"
"ညကျပြန်မှာလား"
"ပြန်စေချင်ရင် ပြန်မယ်"
"နိုးနော်"
ဋိတ်ဖိနပ်ချွတ်လိုက်သည်နှင့် ဋိတ်၏ဖိနပ်ကိုကောက်ကာ တံခါးနောက်ကဖိနပ်ထည့်သည့်ဗီရိုထဲထည့်၍ တံခါးပြန်ပိတ်လိုက်ပြီး ဋိတ်၏နောက်သို့ ဗိုက်ဆာနေသော ခွေးလေးတစ်ကောင်နှယ် ခုန်ပေါက်၍ လိုက်နေလေသည်။kitchenထဲဝင်ကာ ဝယ်လာသည့် မုန့်များကို ရေခဲသေတ္တာထဲထည့်သင့်တာထည့်နေခိုက် အနားကိုလာ၍ စပ်စပ်စုစုလာကြည့်နေသေးသည်။
"ဘာလို့အသီးအရွက်တွေဝယ်လာတာလဲ ငါချက်မစားဘူး"
"ကိုယ်ချက်ကျွေးမယ်"
"တကယ်လား အတည်နော် အဲ့တာဆိုနေ့တိုင်းလာရမှာနော်"
ရင့်သည်စိတ်လှုပ်ရှားစွာနှင့် စကားသံလေးများသည် တရစပ်ထွက်နေလေသည်။ဋိတ်၏မျက်နှာအား တစ်ချက်မှအလွတ်မခံ လိုက်ကြည့်နေလေသည်။
"ထမင်းချက်တစ်ယောက် မနက်ဖြန်ကျရင်လာလိမ့်မယ် တည့်အောင်နေရမယ်"
"ဘာလို့တည့်အောင်နေရမှာလဲ အိမ်မှာပါနေမှာမို့လို့လား"
"နေ့လယ်လောက်ထိဘဲ"
"မင်းပဲချက်ကျွေးလေ ထမင်းချက်မလိုချင်ဘူး"
စားပွဲပေါ်မှာ ဝယ်လာသည့်ပီဇာပူပူနွေးနွေးလေးကိုဖွင့်၍ ကိုလာဘူးကိုဖွင့်ပေးနေသော ဋိတ်ဟန်သာညီသည် ရင့်အား နူးနူးညံ့ညံ့လေးစိုက်ကြည့်သည်။ပြောချင်တာက ပြောချင်တာသက်သက်၊စားချင်တာက စားချင်တာသက်သက်ဖြစ်သော ရင့်သည် ပီဇာစားနေလျက်မှ မျိုးစုံတွတ်ထိုးနေလေသည်။မျက်နှာငယ်လေးနှင့် ပြောလာသောအပြောကြောင့် ပြုံးလိုက်မိသည်။
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)