Unicode......
"ဋိတ်ဟန်သာညီ"
"အင်း"
"ကျောင်းမှာ ငါ တစ်ကောင်နဲ့ ငြိလာတယ်"
"ရင့်ဘာသွားလုပ်ပြန်တာလဲ"
"ဟာ မင်းကလည်း မယုံသင်္ကာနဲ့ ငါမင်းကိုပြောပြီးကတည်းက ရည်းစားမထားတော့ပါဘူးနော်"
ထိုင်ခုံပေါ် ဒုန်းခနဲဖင်ဆောင့်ထိုင်လိုက်လျက် မျက်မှောင်လေးကိုကုပ်ကာ ခပ်ဆောင့်ဆောင့်လေးပြောလိုက်သော်ငြား ဋိတ်ဟန်သာညီက မယုံသင်္ကာကြည့်ပါသည်။
"ဟာ တကယ်အစုတ်ပလုတ်ကောင် ဟုတ်တယ် ဟုတ်တယ် သူကြိုက်နေတဲ့ကောင်မလေးက ငါ့ကိုကြိုက်နေလို့ဆိုလို့ စောက်မြင်ကပ်လို့ အနားသွားထိုင်ပေးလိုက်တာ ဂျေကိုက်ပြီး ထိုးမယ် ကြိတ်မယ် တကဲကဲနဲ့ ကြည့်မရလို့ နှစ်ချက်လောက်စောက်ခွက်ပိတ်ထိုးပေးခဲ့တယ်"
ပေါင်ပေါ်တင်ထားသည့် လွယ်အိတ်ကို တဘုန်းဘုန်းထုနေရင်းပြောသည့်အခါ အတန်းထဲက လူတစ်ချို့က ရင့်အား ကြည့်လာကြသည်။ရင့်လည်း စိတ်မကြည်လို့ ခပ်ချဉ်ချဉ်ပြန်စိုက်ကြည့်ပေးလိုက်တော့မှ သူတို့မျက်နှာမူရာပြောင်းသွားလေတော့သည်။
"အဲ့အရွဲ့တိုက်တဲ့အကျင့်က ပျောက်ဦးမှာလား"
"ပျောက်ပျောက် မပျောက်ပျောက်ကွာ မင်းလည်းအာရုံပဲ ဘယ်တော့မှငါ့ဘက်မရှိဘူး သွား မင်းလည်း မင်းနှမပေးယောက်ဖဆီသွားတော့"
ဋိတ်၏ပုခုံးကိုလက်ဖနောင့်နဲ့တွန်းကာ ခုံပေါ်ခေါင်းမှောက်ချလိုက်တော့သည်။ညကအိပ်ယာဝင်နောက်ကျ၍ အိပ်ရေးမဝသည်မလို့ စိတ်မကြည်ရတဲ့အထဲ ဋိတ်ဟန်သာညီကပါ သူ့ကိုစိတ်ရှုပ်အောင်လာလုပ်နေသည်။သူရိုင်းရိုင်းစိုင်းစိုင်းပြောလို့ စိတ်ဆိုးလည်းဆိုးပါစေလို့တွေးကာ ပေအိပ်နေလိုက်တော့သည်။
"ရင့်"
ဋိတ်ဟန်သာညီ ဘယ်လောက်ပဲတနူးတညံ့ခေါ်နေပါစေ ရင့်အဖက်လုပ်မည်မဟုတ်ပါချေ။အဲ့မှာ ခေါ်နေပါစေ။အာခေါင်ခြောက်ပြီး အသံတွေနာတဲ့အထိ။
"ရည်းစားအထားများပြီး စိတ်ကောက်တာတောင် မိန်းကလေးနဲ့တူလာပြီနော် ကလေးလေး"
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)