Unicode......
ဋိတ်ဟန်သာညီနဲ့ ရည်းစားဖြစ်တာ ပထမဦးဆုံးနေ့။
ဋိတ်နဲ့ရင့်ကြားထွေထွေထူးထူးပြောင်းလဲသွားတာမျိုး မရှိပါပေ။သူငယ်ချင်းဆိုရာကနေ ချစ်သူဆိုသည့်အသုံးအနှုန်းလေးတစ်ခုကို ပြောင်းသွားရုံပါပင်။ကျန်တာက ပုံမှန်အတိုင်းပေမယ့် အခါအခွင့်သင့်တိုင်း ဋိတ်က ရင့်၏နှုတ်ခမ်းတွေကိုရန်ရှာတတ်တာကတော့ တော်တော်ဆိုးဝါးသည့် ကိစ္စပင်။ဘယ်အချိန်ကတည်းက အောင့်အီးထားရမှန်းမသိသည့် ထိုကိစ္စရပ်မှာ ရင့်တော်တော်လေးနေရခက်လှပါသည်။
အခုလည်း ဋိတ်ဟန်သာညီနဲ့ ကျောင်းအတူသွားမိတဲ့ ရင့်၏ ဘဝလေးသည် လုံးပါးပါးလေတော့သည်။နာရီပိုင်းနီးပါးလောက်ကြာသည်အထိကို နမ်းရှိုက်မှုက ရင့်ကိုတော်တော်လေးနေရခက်စေသည်။သို့သော် ဋိတ်ဟန်သာညီ၏ နှုတ်ခမ်းတွေက တော်တော်နွေးတာမို့ ရင့်မရုန်းမိ။မကြိုက်တာမျိုးမရှိပေမယ့် ပြောင်းလဲသွားသည့် ရည်းစားဆိုသည့် ပထမဆုံးနေ့ရက်မှာတော်တော်လေး စနိုးစနောင့်နိုင်သည့် အဖြစ်ပင်။
"ဋိတ်ဟန်သာညီ"
"ကိုကိုလို့ခေါ်ကြည့်"
အသက်ရှူသံပြင်းပြင်းတွေထွက်ပေါ်လာသည့်နောက်မှာ ရင့်ကအမောဖြေရင်း ဋိတ်ကိုစကားစသည့်အခါ ဋိတ်ဆီက ချိုမြမြအသံကြောင့် ရင့်၏အကြည့်တွေကို ကားပြတင်းဘက် လှည့်လိုက်တော့သည်။လူလည်ကျတတ်တဲ့ လူမျိုး။သူမနေ့ညက ပြောထားတဲ့စကားကို ရင့်မမေ့သေးချေ။အခုချိန်မှာ ဋိတ်အပေါ် သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်ရှိလား ရင့်မသိချေ။
"အဟင်း!"
ဋိတ်ဟန်သာညီသည် လက်တစ်ဖက်က စတီယာတိုင်ကို အလယ်ကနေကိုင်ကာ နောက်တစ်ဖက်က ကားပြတင်းကိုတံတောင်ထောက်၍သူ့ရဲ့နှုတ်ခမ်းကို လက်မနဲ့ဖွဖွပွတ်ကာ ဆွဲဆောင်မှုရှိစွာရယ်သည်။ရင့် တစ်ခဏလောက်တော့ကြည့်လိုက်ပေမယ့် သူ့ကိုပြန်ကြည့်လာသည့် ဋိတ်ကြောင့် အကြည့်လွှဲကာ ဖုန်းထုတ်ကာသာ သုံးနေလိုက်တော့သည်။
"ဋိတ်"
"အင်း"
"အဟဲ ငါဘောပွဲ ထပ်လောင်းထားတယ်သိလား"
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)