(၄၁)

1.8K 68 4
                                    

Unicode....

"ဋိတ် မင်းရန်ဖြစ်တယ်ဆို"

အတန်းထဲကို ပြေးဝင်လာကာ ဋိတ်၏မျက်နှာကို ဟိုလှည့်၊သည်လှည့်ကြည့်နေတဲ့ ရင့်ကြောင့် ဋိတ်၏နှုတ်‌ခမ်းလေးတွေ တွန့်ချိုးသွားသည်။

"ရန်ဖြစ်တာမဟုတ်ဘူး နည်းနည်းစကားများတာ"

"ဪ တော်ပါသေး ငါက မင်းရန်ဖြစ်တယ် အသံကြားလို့စိတ်ပူသွားတာ"

ရင့်၏ပွင့်လင်းတဲ့ဖြေစကားကြောင့် ဋိတ်ကပြုံးလျက် ရင့်၏ခေါင်းလေးကိုဖွဖွပုတ်သည်။နှစ်‌ေယာက်သားစိုက်ကြည့်နေရာမှ ဋိတ်က အနားကပ်ကာ တီးတိုးပြောမည့်ဟန်မလို့ ရင့်လည်း နားစွင့်လိုက်ပေမယ့် အတွေးနဲ့လက်တွေ့က ထပ်တူမကျချေ။လည်ပင်းထက်ကျရောက်လာသည့် အနမ်းနွေးနွေးကြောင့် ရင့်၏လက်တွေက ဋိတ်၏ပုခုံးကိုအလိုလိုတွန်းမိလျက်သား။

"မင်းကလဲ"

"ကိုယ် ပါချုပ်ဆီသွားရဦးမယ်"

"အင်း အင်း"

ခေါင်းညိတ်ပြလိုက်ကာ ဋိတ်ကိုတာ့တာပြလိုက်သည်။ဋိတ်ကပြုံးပြကာ ရင့်၏လက်ကို တစ်ချက်ဖျစ်ညစ်၍ အခန်းထဲက ထွက်သွား၏။အမှီရှိရင်တောင် ခါးကိုမတ်ထိုင်တတ်သည့် ဋိတ်သည် လမ်းလျှောက်ရာမှာလည်း ကျောကိုမတ်နေကာ စတိုင်လ်ကျ၍ ဆွဲဆောင်မှုရှိလွန်းလှသည်။ဋိတ်ထွက်သွားမှ

"ဟေ့ကောင် အောင်မြတ်ဘုန်း"

"ပြော နွားလေး လင်မရှိမှ ငါ့ကိုသတိရတဲ့ကောင်"

ဆူပုတ်ကာပြောလာသည့် စကားကြောင့် ရင့် ရယ်ကျဲကျဲလုပ်ကာ အောင်မြတ်ဘုန်း၏ ပခုံးကိုဖက်လိုက်ပြီးနောက်

"မင်းကလည်း မိန်းမကြီးကျလို့ မေးစရာရှိလို့ပါကွ"

"မေး မေး ဘာလဲ"

"ဋိတ်ဘယ်သူနဲ့ရန်ဖြစ်တာလဲ"

"မင်းသက်ထူးသွင်နဲ့လေ"

"ဘယ်သူတုန်း အဲ့ကောင်က"

အောင်မြတ်ဘုန်းသည် ရင့်အား အထူးအဆန်းသတ္တဝါနှယ် စိတ်‌လေဟန် ကြည့်လာပြီးမှ

"မင်းနဲ့ဟိုတစ်နေ့က club မှာတွေ့လာတဲ့တစ်ယောက် မင်းမှတ်မိလား"

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now