(၆၈)

2.2K 94 50
                                    

Unicode........

"Anyway, you remember!! 'You are always mine'!!

"Don't forget that I can do anything to belong you."

မွေ့ယာပေါ်မှောက်ယက်နေနေရင်း လက်နှစ်ဖက်ထောက်၊ထိုလက်နှစ်ဖက်ကြားထဲ မေးထည့်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ဋိတ်ကိုကြည့်ကာ ညနေကကြားရခဲ့သည့်အသံများကို ပြန်လည်ကြားယောင်နေမိလေသည်။ထိုလူသည် ဋိတ်အား ဘာကြောင့် ဤလိုမျိုးပိုင်ဆိုးပိုင်နင်းပြောရသည်လဲ။အနှစ်နှစ်အလလဆုံးရှုံးထားရသည့် လူတစ်ယောက်ကို ပြန်ရအောင်ယူချင်သည့် မျက်နှာအနေအထား၊ ပိုင်ဆိုင်လိုစိတ်ကြီးလွန်းသည် မျက်လုံး။ထိုလူ့၏ပုံစံသည် ချောမောလွန်းပေမယ့် ကြောက်စရာကောင်းသည်ဟုထင်မိသည်။

ဋိတ်အန္တရာယ်ရှိနေနိုင်သည်။ထိုလူ့၏ ပုံစံသည် လွန်စွာမှ အန္တရာယ်များလေရာ ဋိတ်ထိခိုက်နိုင်လေသည်။ဋိတ်တစ်ခုခုဖြစ်မှာ ရင့်အရမ်းကြောက်သည်။ထို့ကြောင့် ဋိတ်ကို ရင့်များကူညီနိုင်တာရှိရင် ကူညီပေးချင်သည်။

သည်နေ့ဋိတ်အား သူ့အိမ်မှာအိပ်ပါဟု မနည်းပင်ပြောလိုက်ရလေသည်။မျက်နှာသိပ်မလန်းသည့်ဋိတ်ကြောင့် ရင့်ဖက်ပေးထားရမလားဟု ပြောလေတော့ မငြင်းဘဲလက်ခံသည်။ရင့်၏ရင်ခွင်သေးသေးလေးထဲ ဋိတ်ဟန်သာညီအား ထည့်ဖက်ထားမိတုန်းက ဋိတ်သက်ပြင်းတွေချနေခဲ့တာ။ရင့်ကိုကျစ်နေအောင်ပြန်ဖက်ထားသည်ကလည်း လွတ်ထွက်သွားမှာဆိုးသည့်အလား။ဋိတ်စိတ်ထဲမှာ ဘာတွေရှိနေလဲမသိပေမယ့် ဋိတ်ထိတ်လန့်နေတာကိုတော့ ရင့်သိပါသည်။

ထို့ကြောင့် သည်နေ့တော့ ငါနဲ့ပဲအတူအိပ်လိုက်ပါဟု မနည်းဆွဲကာခေါ်ထားရတာ။ဋိတ်က ပြန်ဖို့ပြင်နေပေမယ့် ရင့်ကပ်တွယ်နေခဲ့တာ။ဋိတ်တစ်ယောက်တည်း စိတ်ညစ်နေရမှာစိုးလို့ပါပင်။အခုတော့ ဋိတ်က သူနဲ့အတူအိပ်နေပေမယ့် ရင့်သာဋိတ်ကိုကြည့်ရင်း အတွေးများနေမိတာပင်။

"ဘေဘီ အိပ်လေ! ဘာလို့လဲ! တစ်ခုခုဖြစ်လို့လား"

မွေ့ယာပြင်ပေါ်လက်စမ်းပြီး လန့်နိုးလာသော ဋိတ်သည် ရင့်အား အိပ်မှုန်စုံမွှားနှင့်ကြည့်ကာ နူးညံ့စွာမေးလာသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now