(၆၉)

2.2K 107 24
                                    

Unicode........

ရင့်သည် ချိန်းထားတာရှိသည်မလို့ မိုးလင်းကတည်းက လုပ်စရာရှိတာကို တတောက်တောက်လျှောက်လုပ်နေသည်။ ဋိတ်ဟန်သာညီက မနေ့က တော်တော်ညဉ့်နက်မှပြန်သွားခဲ့ပြီး သူမပြန်ခင်မှာ ရင့်ကိုရအောင်သိပ်ခဲ့သည်။ စိတ်ဖိစီးမှုတွေများလွန်း၍လားမသိ ရင့်အိပ်ချိန်သည် ခဏလေး။ တစ်ညလုံး သူ့အနာဂတ်အတွက် ထိုင်တွေးနေမိပြီး သူ့အနားမှာနေရသည့် လူတွေ၏ စိတ်ကိုထိုင်တွေးနေမိသည်။

ရင့်မှာ အရင်က အကြောတင်းလွန်းတဲ့ စိတ်ရှိခဲ့ပေမယ့် အသက်ကြီးလာလေလေ၊ ခံစားရတဲ့ဝေဒနာပိုများလာလေလေ အကြောမတင်းနိုင်တော့လေ၊အသက်ရှင်စိတ်နည်းလာလေပင်။ တကယ်တမ်းသာ တွေးကြည့်ရရင် ရင့်ပျော်ခဲ့ရသည့် ရက်၊ကောင်းကောင်းမွန်မွန်အိပ်ပြီး ကောင်းကောင်းမွန်မွန်စားရသည့်ရက် လက်တစ်ဖက်စာတောင်မပြည့်သေး။

လူတိုင်းက ရင့်မာန်သွေးကိုပဲ စောင့်ကြည့်ပြီး အမှားလေးတစ်ခုကအစ အပြစ်ရှာချင်သလို သူတို့မျက်ဝန်းစက်ထဲမှာ ရင့်မာန်သွေး၏ ပုံရိပ်ကမလွတ်။ ‌အမြဲဘာလုပ်လုပ် မကောင်းမြင်ကြပြီး တစ်ချို့က နာကျင်အောင်ပြောကြဆိုတတ်ကြသည်၊တစ်ချို့က အနုနည်းနှင့် စိတ်ကိုသတ်သည်။ ကြာတော့ အရာအားလုံးကိုစိတ်ကုန်လာသည်။

မပြုံးစေချင်ရင် မပြုံးဘူး။မရယ်စေချင် မရယ်ဘူး။ ရင့်မာန်သွေးဘဝကို သူတို့ဘယ်လိုခြယ်လှယ်ကြဦးမလဲ။ ကြိုက်သလိုလုပ်ကြတော့။ စေညွှန်ရာအတိုင်းသွားပြီး ဖြစ်ချင်သလို ဖြစ်ပေးမယ်။ ဖြစ်ချင်ရာဖြစ် ဖြစ်ချင်သလိုဖြစ် အရာအားလုံးက စိတ်ပျက်စရာကြီးမလို့ မျက်ရည်တစ်စက်တောင် မထွက်ချင်တော့ဘူး။

သည်ကမ္ဘာမှာ ရင့်မာန်သွေး ဘယ်အချိန်ထိ အသက်ရှင်နေဦးမလဲ မသိချင်တော့ဘူး။ နောက်နှစ်ပေါင်း ဘယ်နှနှစ်အထိ ဘယ်ဒုက္ခတွေနဲ့ ထပ်နေရဦးမလဲမသိဘူး။ မသေချာ မရေရာခြင်းပေါင်းများစွာ၊ သူ့ရဲ့မြောက်များစွာသော စိတ်ဒုက္ခတွေကြားမှာ ဘယ်လိုအခြေအနေ,နေနေ ချစ်ချင်ခဲ့သည့် တစ်စုံတစ်ယောက်ကိုတော့ သူကောင်းမွန်စွာ ကာကွယ်ပေးချင်သည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now