(၇)

2.3K 114 6
                                    

Unicode.......

"ကိုကြီးရေ သားတို့ဘောလုံးကန်ဖို့ နေရာတွေ့ထား...အဲ ဦးလေး နေကောင်းတယ်မလား"

အိမ်ထဲမရောက်သေးခင်မှာပဲ တစာစာနဲ့ စာကလေးတွေလို အော်လာတဲ့ ယံဝေတစ်ယောက် ခြံထဲမှာပန်းပင်ရေလောင်းနေတဲ့ ဦးရိုးမာန်ကိုတွေ့သည်နှင့် လူသတ်သမားအားတွေ့သလို တွန့်ဆုတ်သွားလေသည်။လောကွတ်တော့ပြုမိလိုက်ပေမယ့် တံတွေးအကြိမ်ကြိမ်မျိုချနေရသည်။

"အင်း ကောင်းတယ် ဟိုကောင်အိပ်နေတုန်း နောက်မှပြန်လာခဲ့"

"ငါနိုးပြီ ယံဝေ ဘယ်နားမှာလည်း နေရာက"

အိမ်ပေါက်ဝကနေ ဆံပင်စုတ်ဖွားနဲ့ဆင်းလာသည့် ကိုကြီးရင့်သည် ခွေးပေါက်နဲ့ပင်တူသေး၏။နိုင်ငံခြားခွေးစုတ်ဖွားကြီးတွေလို ချစ်စရာကြီးပင်။ရိုးရိုးခွေးစုတ်ဖွားတော့မဟုတ်။ဂျစ်ပစီခွေးစုတ်ဖွား။နားရွက်မှာ နားကွင်းတွေနဲ့ဆိုတော့ အဟဲ။

"ဟိုဘက် ကျောင်းလမ်းနားမှာ ကွင်းပြင်ကြီးရှိတယ် ကိုကြီး အဲ့ဘက်မှာ"

"အဲ့ဘက်မှာ ကန်နေကျလူတွေရှိတယ်လေ"

"ဟုတ်တယ် သားပြောခဲ့တယ် သားတို့လေးယောက်တည်းမလို့ အတူကန်လို့ရလားလို့"

" ရှုပ်ရှုပ်ယှက်ယှက်!"

"သူတို့ကလည်း လူလိုနေတော့ ရတယ်တဲ့! ကိုကြီးလက်မခံလည်း ဘာမှမဖြစ်ပါဘူး ကိုကြီးဟန်သာကိုသွားပြောမယ်။ကိုကြီးဟန်သာပါရင် ကိုကြီးလိုက်မှာပဲ"

"ငါက....? ဋိတ်ပါရင် လိုက်မယ်ပေါ့? အဟက် သွားပြောကြည့်လိုက်ပါဦး ငါမလိုက်ဘူးဆိုတာတော့ ဆက်ဆက်ပြောလိုက်နော်"

"အဲ့ကိုကြီးရင့်ကလေ တအားစိတ်ပုတ်တာပဲဗျ"

ဆူပွပွဆိုလာရင်း မျက်နှာငယ်လေးနဲ့ အောက်ငုံ့သွားတော့ သဘောတကျပြုံးမိရပြန်သည်။

"သားက သားတို့ကန်ဖို့တကူးတကလည်းရှာပေးရသေး"

အသံငယ်ငယ်‌လေးနှင့်ပြောလာသည့် ယံဝေ၏အုပ်အုပ်လေးဝိုင်းနေသည့် ဆံပင်နက်နက်လေးများကို လက်နဲ့ဆွဲဖွကာ သွားစွယ်လေးချောင်းပေါ်သည်အထိ နင့်နင့်နဲနဲပြုံးချလိုက်မိသည်။ရယ်တယ်ဆိုတဲ့ကိစ္စက ယံဝေတို့အတွက် မထူးဆန်းသော်လည်း ရင့်ရယ်သည်ကို တစ်ခါမှမမြင်ဖူးခဲ့သည့် ခြံထဲက ဦးရိုးမာန်၊ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေတဲ့ ရော်ရွက်ဝါ၊မီးဖိုခန်းထဲက အပြင်ထွက်လာသည့် ဒေါ်ထွေးမေတို့မှာ အထူးအဆန်းလေး ငေးကြည့်ရသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now