(၅၅)

1.3K 59 7
                                    

Unicode.......

"ရင့် မင်းအဲ့လိုလုပ်မနေနဲ့ ကျောင်းဘယ်ရက်ပြန်လာမှာလဲ"

"မတက်တော့ဘူး"

" မင်းကလိမ္မာပါတယ်ကွာ ဒီလိုမဟုတ်ပါနဲ့ ငါတို့တွေ ဘွဲ့ရဖို့နောက်ဆုံးနှစ်လေးလေရင့်ရယ် အားတင်းထား‌ပါကွာ မင်းအနားမှာငါရှိနေတယ်လေ ရင့်ရယ်"

"ငါမတက်ချင်တော့ဘူး ငါစာကိုအာရုံစိုက်နိုင်မှာမဟုတ်ဘူး"

"ရင့်မင်းအဲ့လိုလုပ်နေလို့မရဘူး ဋိတ်ဟန်သာညီက မင်းကိုဒီလိုမျိုးဖြစ်မှာစိုးလို့ သူအသိမပေးသွားခဲ့တာ မင်းကဒီလိုလုပ်နေရင် သူဘယ်စိတ်ဖြောင့်မှာလဲ"

"စိတ်ဖြောင့်လို့ ထားသွားပြီလေ တစ်ချက်မှလှည့်မကြည့်ဘဲ နှုတ်ဆက်စာလေးတောင်မရေးခဲ့ဘဲ သူထွက်သွားခဲ့တာ။ငါ့အကြောင်းကို သူမသိလို့လား၊ငါကဘယ်လိုရှင်သန်နေတဲ့ကောင်ဆိုတာ သူမသိခဲ့လို့လား၊အဲ့တာတောင် သူငါ့ဘက်ကိုတစ်ချက်မကြည့်ခဲ့ဘူး တစ်ချက်ကလေးမှ တစ်ချက်ကလေးမှ!!!!...."

ကြမ်းတမ်းစွာအော်ဟစ်လာရင်း ရင့်သည် ကျဆင်းလာသည့်မျက်ရည်များကို အကြမ်းပတမ်းဖိသုတ်လေတော့သည်။ရင်ဘတ်ကိုဖိကာ တစ်ချက်၊နှစ်ချက်၊သုံးချက် ထုရိုက်လာကာ နာတယ်၊နာတယ်၊အစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရသလိုကို နာတယ်ဟု ဟစ်အော်နေရင်း ငိုကြွေးနေသည့် ရင့်ကိုမြင်သည့်အခါ အောင်မြတ်ဘုန်းသည် ယောက်ျားကြီးတန်မဲ့ မျက်ရည်ဝဲလာရပါသည်။

"အခုစာမေးပွဲဖြေစေချင်တယ်မလား ခေါ်ပေးလေ ဋိတ်ကိုခေါ်ပေး အဲ့လိုဆို ငါဖြေမယ် ငါဖြေမယ်လို့ ဋိတ်ကိုခေါ်ပေးရင် ငါဖြေမယ် အောင်မြတ်ဘုန်း"

"ရင့် ငါ"

"မလုပ်နိုင်ဘူးလို့ မင်းမပြောနဲ့ မင်းကိုတောင်သူလာနှုတ်ဆက်သွားသေးတာပဲ မင်းဘာလို့မခေါ်နိုင်ရမှာလဲ ခေါ်ပေးလေ ဋိတ်ပြောရင် ငါဖြေမယ်လို့အောင်မြတ်ဘုန်း ခေါ်ပေးပါကွာ နော်"

အောင်မြတ်ဘုန်း၏အင်္ကျီကော်လံစကို ဆောင့်ဆွဲရင်း သွေးရူးသွေးတန်းအော်ဟစ်နေသည့်ရင့်ကြောင့် ထိန်းထားရက်ကြားမှ မျက်ရည်တစ်စက်သည် ပေါက်ခနဲ ကျသွားရလေသည်။ချစ်ရသည့်သူငယ်ချင်းက ရင်ကွဲမတတ်နာကျင်နေသည်ကိုမြင်ရသည်မှာ အောင်မြတ်ဘုန်းမှာလည်း မဖြေဆည်နိုင်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now