(၂၃)

1.7K 83 17
                                    

Unicode........

"ကိုကြီး!"

"အင်! ဟင်! ဟင်!"

လေးငုံခေါ်နေသည်မှာကြာပြီဖြစ်သော်ငြား ကိုကြီးရင့်ကတော့ဘာတွေအတွေးလွန်နေမှန်းမသိပေ။လေးငုံတို့အိမ်၏ခြံအပြင်ဘက်ကိုပဲ ငေးနေကာ အသိစိတ်မဲ့နေသလိုဖြစ်နေသည့် မျက်လုံးအိမ်တွေက ခပ်ဆွေးဆွေး။ဘေးက လေးငုံနဲ့ရွယ်တူ အတန်းတူတစ်ယောက်က သူစာနားမလည်တော့လို့ မေးချင်နေ၍ ခေါ်သော်လည်း မကြားချေ။နောက်ဆုံးတော့ လက်ကိုခပ်ဖွဖွရိုက်လိုက်မှ တုန်တက်သွားကာ အလန့်တကြားထူးလေသည်။

"ဘာတုန်း လန့်လိုက်တာ"

"စာမေးစရာရှိလို့တဲ့"

"ဪ မေးလေ ဆောရီး ငါနည်းနည်းစိတ်လွတ်နေလို့"

ရှေ့ကကျောင်းသား၏စာအုပ်ကိုယူကာ နားမလည်သောပုစ္ဆာအားတွက်ပြလိုက်သည်။အခုရက်ပိုင်း သူ့စိတ်‌ေတွက ဘာလုပ်လုပ်အဆင်ပြေမနေပါချေ။အချိန်တိုင်း ရွှန်းခေတ်နဒီဆီပဲရောက်ကာ သူ(မ)ဆီပဲ သွားချင်နေသည့် စိတ်ကို ရင့်ဘယ်လိုထိန်းချုပ်ရမှန်းမသိ။ဋိတ်ကိုပြောထားတာကလည်း နှစ်ပတ်ကျော်နေပြီပေမယ့် ဘာထူးခြားမှုမှ မရှိပါချေ။ရွှန်းခေတ်နဒီကိုလည်း ရံဖန်ရံခါတောင် ကျောင်းမှာမတွေ့ရချေ။သူ့ကိုမတွေ့ချင်လို့ ရှောင်နေတယ်ဆိုတာသိရတော့ နှလုံးသားက ခက်အက်အက်။

အနီးအနားမှာနေတာသိတာမို့ ရပ်ကွက်ပတ်လို့ရှာကြည့်ပေမယ့် ရွှန်းခေတ်နဒီဟူသည့် ရင့်သဘောကျသောမိန်းကလေး၏ အရိပ်အယောင်ကို နည်းနည်းလေးမှ မတွေ့ရပါချေ။အပုန်းကောင်းတဲ့ ဒီကောင်မလေးကို သူဘယ်မှာလိုက်ရှာရပါ့။

"နောက်တစ်ချိန်ကျ ဋိတ်လာလိမ့်မယ် သူစာကျက်ခိုင်းထားတယ်မလား အဲ့တာ ကျက်နေ..."

Ring! Ring!

စားပွဲပေါ်က ဖုန်းက မြည်လာသဖြင့် ကိုင်လိုက်တော့ ဋိတ်!

"အင်း"

"......."

"အာ ငါပြန်တော့မှာ"

"........"

"ဟျောင့် ဋိတ်ဟန်သာညီ!"

"......"

"ဘောပဲ"

တစ်ဖက်က အကူအညီတောင်းကာ ဖုန်းချသွားသည့်အခါ ရင့်ဆဲရေးမိတော့သည်။ခံစားချက်က minus မလို့ အိမ်ပြန်ပြီး အိပ်မလို့ပါဆို ဋိတ်ဟန်သာညီက သူ့အချိန်ပါ အစားထပ်သင်ခိုင်းနေသေးသည်။ပုံမှန်ဆိုရင်တော့ ဝင်ပေးနေကြပေမယ့် အခုချိန်က တကယ်မရပါ။သို့သော်ငြား ဋိတ်ဟန်သာညီက သူ့ကို မာလာရှမ်းကော လိုက်ကျွေးပါ့မယ်ပြော၏။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now