(၂၂)

1.7K 100 7
                                    

Unicode.........

"ဋိတ် ငါဘာလုပ်ရတော့မလဲ"

ရှိုက်သံတစ်စွန်းတစ်စရောနေတဲ့ အသံလေးနဲ့ မေးနေသည့်အခါ ဋိတ်အံကိုတင်းတင်းကြိတ်၍ လက်သီးကိုကျစ်ကျစ်ဆုပ်မိပါသည်။'ဋိတ် ရွှန်းက ငါ့ကိုမချစ်ဘူး'ဟူသည့် ငိုသံနှောနေသည့် အသံလေးကို ပြန်ကြားယောင်မိတဲ့အခါ သူ(မ)ကို တစ်စစီလုပ်ပစ်ချင်လွန်းလို့ ရူးမတတ်ပါပင်။သူ့လိုလူမျိုးက ရင့်ကိုမျက်ရည်ကျအောင် လုပ်ရက်တာကို ဋိတ်ဘယ်လိုမှ ကြည်မှာမဟုတ်ပါချေ။

သူအိမ်ကိုရောက်ရောက်ခြင်း မြင်လိုက်ရတဲ့မြင်ကွင်းက သူတစ်ကိုယ်လုံးကို ဆွဲစုတ်လိုက်သလိုပင်။ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ထောင်ကာ ခေါင်းဖွက်လျက် ရှိုက်ငိုနေတဲ့ ကလေးလေးက ဘယ်လောက်တောင်များ နာကျင်နေလို့လဲ။သူပြန်တွေးမိလေ နာကျင်လွန်းလို့ ရူးမတတ်ပါပင်။

သူ့အား အားကိုးတကြီးဖက်တွယ်ကာ ကူညီပါဦးဆိုတဲ့ ကလေးလေးက တသိမ့်သိမ့်ရှိုက်လို့ ငိုသေးတာ။ဒီကလေးလေးက အချစ်ဆိုတာကို နားလည်သွားတဲ့အချိန်မှာ သူမဟုတ်တဲ့ အခြားတစ်ယောက်ကို ငြိတွယ်နေတာမို့ သူနာကျင်ရပေမယ့် အချိန်တွေအများကြီးကျန်သေးတာမို့ သူငြိမ်နေခြင်းသာပင်။ဆယ်ကျော်သက်အရွယ် ကလေးလေးတစ်ယောက်က အချစ်မှာ နစ်ဝင်ခါစရှိသေး အငြင်းခံရသည့် ခံစားချက်ကလေးက နုနုနယ်နယ်နှလုံးသားလေးကို ပြင်းပြင်းထန်ထန်ရိုက်နှက်သွားမှာပေ။ထို့ကြောင့် သူတတ်နိုင်သမျှ ရင့်အားနှစ်သိမ့်ပေးမိပါသည်။

*ပြင်ဆင်ထား ရွှန်းခေတ်နဒီ နင့်အလှည့်လာတော့မှာ*

သူ့စိတ်ထဲ တိတ်တဆိတ်ကြွေးကြော်မိသည်နှင့်အတူ သူ့လက်သီးကလည်း ကျစ်ကျစ်စုတ်မိလျက်သား။

"ဋိတ် ငါက ဒီတိုင်း သူ့ကို အသုံးချတာလဲမဟုတ်ပါဘူး ငါမနေနိုင်လို့ ဒီတိုင်းသူငယ်ချင်းဆိုတဲ့စည်းနဲ့မနေချင်လို့"

"အင်း အင်း ကိုယ်နားလည်တယ် အခုရင့် ဘာဖြစ်ချင်လဲ ကိုယ့်ကိုပြော ကိုယ်လုပ်ပေးမယ်"

"ငါ ငါ သူနဲ့တွဲချင်တယ်"

"အဲ့တာက"

ဋိတ်အကြပ်ရိုက်သွားပါသည်။သူလိုချင်တာ ဒီလိုအဖြေမျိုးမဟုတ်ပါချေ။မာန်မဲလိုက်တာဖြစ်ဖြစ်၊ဆဲရေးလိုက်တာဖြစ်ဖြစ် သူလိုချင်ခဲ့တာ။သို့သော် ရင့်ကတော့ သူမသိလိုက်ခင်အချိန်အတွင်း ရွှန်းခေတ်နဒီအပေါ် အများကြီးနစ်ဝင်ခဲ့သည်ထင်ပါသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now