Unicode.......
"ဆောရီးနော် မတော်တဆထိ ဟင် ဟိုနေ့က တွေ့ခဲ့တဲ့ အစ်ကို ညီမကိုမှတ်မိလားဟင် အစ်ကို့ဖုန်းမှားယူသွားတဲ့ တစ်ယောက်"
"ဪ အင်း"
ရင့်သည် ဝင်တိုက်မှုကြောင့် လက်ထဲကိုင်လာသည့်ပြုတ်ကျသွားသော ဖိုင်ကို ပြန်ကောက်ကာ အသိအမှတ်ပြုရုံလောက်သာ ပြန်ဖြေ၍ လှည့်ထွက်ခဲ့လိုက်သည်။အရေးကြီးတဲ့ အချိန်ရှိနေလို့ အလျှင်လိုနေတာမလို့ ဘာစကားမှရပ်မပြောနိုင်ပေ။အချိန်ရှိလည်း ရပ်ပြောဖို့ အတွေးရှိမနေချေ။
"အစ်ကိုလည်း စီးပွားရေးပဲလားဟင် တစ်ကျောင်းတည်းပေါ့"
ခေါင်းသာ ညိတ်ပြလိုက်ကာ ရင့်က ရှေ့ကခပ်သွက်သွက်လျှောက်ပေမယ့် နောက်က သူ(မ)ကလည်း ရင့်နောက်က အပြေးတစ်ပိုင်းလိုက်တုန်းပင်။
"ညီမလည်း စီးပွားရေး final year အစ်ကိုရော အတူတူပဲလား "
မသိမသာစုတ်သပ်လိုက်ရင်း ရင့်ခပ်ဆတ်ဆတ်ခေါင်းညိတ်ပြလိုက်သည်။သည်လိုမျိုး နောက်ကနေလိုက်နှောက်ယှက်ခံရတဲ့ ခံစားချက်က အတိတ်ကို သတိရစေလို့ ရင့်မျက်ခုံးလေးတွေ ကုပ်သွားမိသည်။မေ့ထားချင်ခဲ့သည် နွယ်ရူပါသည် မျက်လုံးထဲ တရေးရေးပြန်ပေါ်လာသည်။
"အာ အဲ့တာကို အစ်ကိုလို့ခေါ်မိသွားတာပဲ ဆောရီးပါနော် ပြည့်နာမည်က ပြည့်သက်မှူးသွင် အစ်ကို အဲ ဒီဘက်ကရော"
ကိုယ့်အခန်းရှေ့လည်းရောက်နေပြီမလို့ မသိဟန်ဆောင်ကာ ရင့်အခန်းထဲ ဝင်လိုက်တော့ နောက်က ပြည့်သက်မှူးသွင်ဆိုသည့် အမျိုးသမီးလည်း ကျန်ခဲ့လေသည်။ထိုအခါမှ ရင့်ကုတ်ထားမိသော မျက်ကြောများကို ပြန်ဖြည်ချလိုက်တော့သည်။
"မင်းနောက်က လိုက်လာတာ ငါတို့ရဲ့ queen လေး ပြည့်သက်မှူးသွင် မဟုတ်လား"
"ပြည့်သက်မှူးသွင်တော့ဟုတ်တယ် ကွင်း၊မကွင်းတော့မသိဘူး"
ဘုဘောက်ကျလှသည့် အဖြေစကားက အောင်မြတ်ဘုန်းသည် ရင့်အား ရှုံ့မဲ့ကာကြည့်၍ နားရင်းရိုက်ရန် လက်တရွယ်ရွယ်။ပထမနှစ်တုန်းက fresher welcome ကို လာခဲ့ပေမယ့် အဆုံးထိ မကြည့်လိုက်လို့ ဘာမှမသိလိုက်ချေ။ရင့်လည်း ကျောင်းမှာ လှပါပေ့ဆိုတဲ့ အမျိုးသမီးတွေကိုပဲ တွဲခဲ့ပေမယ့် ပြည့်သက်မှူးသွင်ဆိုတဲ့ အမျိုးသမီးကိုတော့ မသိချေ။သေချာမကြည့်လိုက်မိပေမယ့် ဖြောင့်ဆင်းနေတဲ့ ဆံပင်ရှည်တွေနဲ့ ကိုယ်လုံးကိုယ်ထည် လုံးလုံးလေးနဲ့သူ(မ)က လှတော့လှမှာပါ။
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)