သူရဲကောင်းစာမေးပွဲ (၁)
အိုဒင်မြို့မှာ အိမ်ခြေ ၃ထောင်ရှိပြီး တောင်ပိုင်းကျောင်းတော် မဟာမိတ် လက်အောက်ခံ၊ ဟောင်ရွယ် မြို့တော် လက်အောက်ရှိ အကြီးဆုံး မြို့များထဲမှ တစ်မြို့ ဖြစ်သည်။
မိုးသောက်ရောင်ခြည် အလင်းကျရောက်လာသည်နှင့်အမျှ အိုဒင်မြို့မှာ စည်ကား သက်ဝင်လာသည်။ ထိုစဉ် အိုဒင်မြို့လယ် စတုရန်းမီတာ တစ်ထောင်ကျော် ကျယ်ဝန်းသည့် ခြံဝင်း အတွင်းရှိ ကြီးမားသော အဆောက်အဦနှစ်ခု၌ စာမေးပွဲတစ်ခု ကျင်းပနေသည်။
........
ပြင်းထန်အားကောင်းပြီး အနည်းငယ် ကြမ်းတမ်းသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
" ပြောစမ်း .... မင်းတို့ ဘာလို့ သူရဲကောင်း ဖြစ်ချင်ရတာလဲ .... "
" လူသား မျိုးနွယ်ကို ကာကွယ်ဖို့၊ ကြင်နာတတ်တဲ့ နှလုံးသားကို ထိန်းသိမ်းဖို့၊ ကျောင်းတော် မဟာမိတ် အဖွဲ့ကို ကာကွယ်ဖို့၊ ကိုယ့်ရဲ့ မိသားစုကို ကာကွယ်ဖို့ ..... "
ဆယ်ကျော်သက်ရွယ် လူငယ်များက ညီညာစွာ အော်ဟစ် ဖြေဆိုလိုက်ကြသည်။ သူတို့အား ကြည့်ရသည်မှာ ဤစကားအား ပထမဆုံး အကြိမ် ဖြစ်ဟန် မတူချေ။
ထိုကြီးမားသော နှစ်ထပ် အဆောက်အဦမှာ အိုဒင်မြို့ သူရဲကောင်း ကျောင်းတော် ခန်းမ ဖြစ်သည်။ ထိုနေရာမှာ အလားအလာရှိသော ကလေးများကို သူရဲကောင်းအဖြစ် လေ့ကျင့်ပေးသော နေရာ ဖြစ်၏။
ယနေ့၌ အယောက် ၃၀ ကျော်ခန့် ရှိသော ကလေးငယ် တစ်စုမှာ အခြေခံ သူရဲကောင်း ဖြစ်ခွင့် ဝင်ခွင့် စာမေးပွဲ တစ်ခုကို ဖြေဆိုနေကြခြင်း ဖြစ်သည်။ သူတို့သည် စာမေးပွဲ အောင်မြင်သည့်အခါမှ ဤနေရာ၌ ဆက်လက် ပညာ သင်ကြား လေ့ကျင့်နိုင်မည် ဖြစ်၏။
ပြင်းထန်ကြမ်းတမ်းသည့် အသံပိုင်ရှင်မှာ အရပ်ရှည်ပြီး ကိုယ်ခန္ဓာ ကြံ့ခိုင် သန်မာသည့် သက်လတ်ပိုင်းရွယ် လူတစ်ယောက်ပင်။ သူက ဘယ်ဇာဖြစ်ကာ အိုဒင်မြို့ သူရဲကောင်း ကျောင်းတော် ခန်းမ၏ သူရဲကောင်း နည်းပြတစ်ယောက် ဖြစ်ပြီး အစစ်အမှန် သူရဲကောင်းတစ်ယောက် ဖြစ်ရန် အတော်လေး နီးစပ်နေသူ ဖြစ်သည်။
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasyမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant