အခန်း ၁၃

91 9 0
                                    

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်

တစ်ဝက်တစ်ပျက် အစစ်အမှန် သူရဲကောင်း စာမေးပွဲ

ဘာသာပြန် - Win Min Khant

" ဟုတ်ကဲ့ "

လူငယ် နှစ်ယောက်က သူမကို လုံးဝ မငြင်းဝံ့ဘဲ လေးလေးစားစား ပြန်ဖြေ လိုက်သည်။

ထို့နောက် ဆယ်ကျော်သက်ရွယ် မိန်းကလေးက လုံဟောင်ချန်းကို လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ငါက လီရှင်းပါ... သွားကြရအောင်...ဦးလေး နာ့လန်ဆီကို ခေါ်သွားပေးမယ် "

ထိုအခါ လုံဟောင်ချန်း အလွန် ဝမ်းသာသွားကာ ဆယ်ကျော်သက်ရွယ် ကောင်မလေး၏ လက်ကို ကိုင်ရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မ... ကျွန်တော်က လုံဟောင်ချန်းပါ "

လုံဟောင်ချန်းမှာ လီရှင်း၏ လက်ကို ကိုင်လိုက်သည့် အခါ၌ သူမ၏ လက် အရေပြားက သိသိသာသာ ကြမ်းတမ်းနေသည်ကို ခံစားလိုက်ရသည်။ ထိုအချက်ကြောင့် လုံဟောင်ချန်းမှာ သူမက ဓားအသုံးပြုသူ တစ်ယောက် ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ဓားအသုံးပြုသူခြင်း တူညီသော်လည်း လုံဟောင်ချန်း၏ လက်မှာမူ မတူညီသော ခံစားချက်ကို ပေးစွမ်းကာ လီရှင်းမှာ ချောမွေ့ကာ နူးညံကြောင်း ခံစားမိလိုက်သည်။

လုံဟောင်ချန်းမှာ ဟောင်ရွယ် ခန်းမထဲသို့ ဝင်ဝင်ချင်း ထူးဆန်း‌သော လေထုအား ခံစားလိုက်ရ‌လေသည်။ ကြမ်းပြင်ကို မီးခိုးရောင် ကျောက်ပြားများဖြင့် ဖုံးအုပ်ထားပြီး ခန်းမ တစ်ခုလုံးတွင် စုစုပေါင်း ထူထပ်သောတိုင် ဆယ့်နှစ်တိုင်ခန့် ရှိသည်။ ရှေ့တွင် ကျောက်ကုလားထိုင်ကြီး ခြောက်လုံးရှိကာ တစ်ခုစီသည် သုံးမီတာ မြင့်ပြီး လုံဟောင်ချန်း တစ်ခါမှ မမြင်ဖူးသော အရာများစွာ ရှိသည်။

လုံဟောင်ချန်းမှာ သိချင်စိတ် အပြည့်ဖြင့် ကျောက်ကုလားထိုင် ခြောက်လုံးကို ညွှန်ပြကာ မေးလိုက်သည်။

"အစ်မ အဲဒါ ဘာလဲဟင် "

လီရှင်း၏ အကြည့်မှာ လေးနက်သွားကာ

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now