အခန်း ၃၈

79 4 0
                                    

နတ်ဆိုးယဲ့-၄

" အစ်မ ..."

တံခါးခေါက်သူမှာ လီရှင်းဖြစ်၏။ သူတို့နှစ်ယောက်မှာ ရံဖန်ရံခါမှ တွေ့ကြသော်လည်း လုံဟောင်ချန်း၏ ယောက်ျားပီသသော မျက်နှာအား လီရှင်းကြည့်သော အကြည့်သည် သူတို့စတွေ့စဉ်ကအတိုင်း ပြောင်းလဲခြင်း မရှိပေ။

" ငါ လေ့ကျင့်တာပြီးသွားလို့ မင်းပြန်လာတာလည်း မြင်လိုက်တာနဲ့ လာတွေ့တာ "

လီရှင်းက အပြုံးတစ်ပွင့်နှင့် စကားပြောရင်း လုံဟောင်ချန်း၏ ရေမခြောက်သေးသော ဆံပင်များကို ကိုင်၍ ကစားနေသည်။

" အစ်မ .... အထဲဝင်ခဲ့လေ၊ ကျွန်တော် သောက်ရေ ယူပေးမယ် "

" အရမ်းကြီး ယဉ်ကျေးမနေပါနဲ့။ မင်းကိုပဲ လာတွေ့တာ "

လီရှင်းက လုပ်နေကျအတိုင်း လုံဟောင်ချန်း၏ ပုခုံးကို ကိုင်၍ အခန်းတွင်းသို့ ဝင်လိုက်သည်။ လုံဟောင်ချန်း၏ အရပ်မှာ ၁.၇မီတာဖြစ်သော်ငြား လီရှင်းက ၁.၇၅ မီတာခန့် အရပ်မြင့်၏။

လီရှင်းမှာ သွယ်လျသော ခြေတံရှည်များ၊ ခါးသိမ်သိမ်နှင့် လုံးဝန်းသော တင်ပါးတို့ကြောင့် လူအများ၏ စိတ်အာရုံကို စွဲဆောင်ထားနိုင်သော အလှပဂေး တစ်ယောက် ဖြစ်သည်။ သို့သော် နတ်ဆိုးနှင်းဆီဟု ကျော်ကြားသော သူမကို မည်သူကမှ ချဉ်းကပ်ရဲခြင်း မရှိပေ။

သူမသည် လုံဟောင်ချန်း၏ ပုခုံးအား ပုတ်ပြီးနောက် လက်မောင်းများကို စတင်ဖျစ်ညှစ်ကာ ညစ်ကျယ်ကျယ် ပြုံး၍ ပြောလာသည်။

" လေ့ကျင့်တာရဲ့ အကျိုးကျေးဇူးတွေ ပေါ်လာပြီ။ မင်းက ပို ပိုပြီးတော့ စွဲဆောင်မှု ရှိလာတာပဲ။ ဒီအစ်မက တစ်ခါတစ်ခါ မင်းကို စားချင်လာတယ်။ ငါလည်း မင်းလိုမျိုး အသားအရေလှရင် သိပ်ကောင်းမှာပဲ "

လုံဟောင်ချန်းက ကူကယ်ရာမဲ့စွာ ပြောလာသည်။

" အစ်မကတော့ လုပ်ပြန်ပြီ။ ကျွန်တော်ကရော အသားအရေ လှချင်တယ်လို့ ထင်နေတာလား။ ကျွန်တော့် ပုံပန်းသွင်ပြင်က မိဘတွေ ပေးခဲ့တာကို ဘာမှလုပ်လို့ မရဘူးလေ ... ကျွန်တော်က အမေနဲ့ ရုပ်ချင်းသွားတူနေရုံပါပဲ "

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now