အခန်း ၄၉

73 5 0
                                    

လုံဟောင်ချန်း၏ အဖော်မွန်သားရဲ-၃

" သူအောင်မြင်ပြီ "

အကြီးအကဲက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ့ 'ပြိုင်ဘက်ကင်းအလင်းခန္ဓာ' မှာ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး ဂူအတွင်းမှ အလင်းရောင်များလည်း မှိန်ဖျော့လာ၏။

အဘိုးကြီး၏ နဖူးထက်တွင် ချွေးများရွှဲနေသည်။ မှော်စွမ်းအင်ဝင်္ကပါကို ထောက်ပံ့ပေးထားရသည်မှာ သူ့အတွက် မလွယ်လှပေ။ ယဲ့ဟွာနှင့် အကြီးအကဲသည် ဂူ၏ အလယ်ဗဟိုသို့ အမြန်လျှောက်သွားလိုက်၏။

အလင်းရောင်အားနည်းလာသဖြင့် လုံဟောင်ချန်း၏ ပုံရိပ်သည် သူတို့ရှေ့တွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ သူ့မျက်နှာ ဖြူဖျော့နေသည်မှတစ်ပါး အခြားပြောင်းလဲမှု မတွေ့ရပေ။

လုံဟောင်ချန်းက စိတ်စွမ်းအင် အားလုံးနီးပါး အသုံးပြုခဲ့ရသဖြင့် သူ့ကိုယ်နှင့် စိတ်မှာ ဗလာဖြစ်သွားသလို ခံစားနေရသည်။ သူ့စိတ်ထဲ ဗလာဖြစ်နေသော်လည်း ပုံမှန်အတိုင်း လှုပ်ရှားနိုင်သေး၏။

လုံဟောင်ချန်း၏ အကြည့်မှာ သူ့ရှေ့မှ အရိပ်ထံ ကျရောက်သွားသည်။ သူ၏ စိတ်စွမ်းအားရော ကိုယ်စွမ်းအားရော အမြောက်အများ အသုံးပြုခဲ့ရသည့် အကြောင်းအရင်း၊ လွန်ခဲ့သောတစ်လက သူရဲကောင်းတို့၏ မြင့်မြတ်သော တောင်သို့ လာရောက်ခဲ့ရသော အကြောင်းအရင်းမှာ သူ့ရှေ့မှ အရာအတွက်ပင် မဟုတ်ပါလော။

သို့သော်လည်း လုံဟောင်ချန်းတစ်ယောက် သူညီမျှခြင်းစာချုပ် ချုပ်ခဲ့သည့် ထိုအရာကို မြင်သောခဏတွင် လုံးဝဆွံ့အသွားရသည်။ သူတင်မဟုတ် အနီးမှ ယဲ့ဟွာနှင့် အဘိုးကြီးမှာလည်း ဆွံ့အနေကြသည်။

သူတို့ မှင်သက်သွားကြသည်မှာ လုံဟောင်ချန်း၏ အဖော်မွန်သားရဲသည် အင်အားကြီးလွန်းသောကြောင့် မဟုတ်။ ၎င်းမှာ ....

ပုတ်သင်တစ်ကောင် ဖြစ်နေခြင်းကြောင့် ဖြစ်၏။ ထိုပုတ်သင်သည် တစ်မီတာကျော် ရှည်လျား၍ ၎င်း၏ ကိုယ်ပေါ်တွင် ပါးလျသော အနက်ရောင်အကြေးခွံများ ဖုံးအုပ်နေသည်။ ထိုအကြေးခွံများသည် လေးထောင့်ဆန်ဆန်ပုံရှိပြီး အဖျားချွန်၏။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now