အခန်း ၆၀

908 16 4
                                    

နဂါးနိုးထ၍ ပျံသန်းခြင်း-၄

"ဒုန်း ...."

အသံကျယ်ကြီးတစ်ခု ထွက်လာပြီးနောက် အရိပ်တစ်ခုက လင်ကျားလုနှင့် ခြေသုံးလှမ်းအကွာတွင် ရပ်တန့်နေခဲ့သည်။

ဘာဖြစ်သွားတာလဲ ...

လီရှင်းနှင့် ချန်ညီအစ်ကိုမှာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

'ကောင်းကင်အလင်အရံအတား' ကို ရွတ်ဆိုပြီးနောက် လုံဟောင်ချန်း၏ ရင်ဘတ်မှ အလင်းရောင်တစ်ခု စတင်တောက်ပလာခဲ့သည်။ ထိုအလင်းသည် စူးရှလွန်းခြင်း မရှိသော်ငြား လင်ကျားလု၏ လည်ပင်းထက်မှ ဓားနှင့်် မမြင်ရသော ပုံရိပ်မှာ ရပ်တန့်သွားခဲ့၏။

အထူးဆန်းဆုံးမှာ ထိုအလင်းသည် မမြင်ရသော ပုံရိပ်အား ပေါ်လာစေခြင်းပင်။ ဓားသွားသည် လင်ကျားလု၏ လည်ပင်းမှ ပြန်ဆုတ်ခွါသွားပြီး လုံဟောင်ချန်းထံ တိုးဝင်လာသည်။

ဒုန်း ...

လုံဟောင်ချန်းက သက်တံ့ရောင်စဉ်ဒိုင်းနှင့် ချက်ချင်း ကာဆီးလိုက်သည်။

" ဒုန်း .... ဒုန်း ... ဒုန်း ... ဒုန်း .... ဒုန်း ... "

လုံဟောင်ချန်း၏ သက်တံ့ရောင်စဉ်ဒိုင်းမှ ဓားရိုက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ မမြင်ရသော ပုံရိပ်ထံမှ တိုက်ခိုက်မှုများက လုံဟောင်ချန်းထံ မိုးစက်များပမာ ဆက်တိုက် ကျဆင်းလာ၏။

လုံဟောင်ချန်း၏ လက်ထဲမှ သက်တံ့ရောင်စဉ်ဒိုင်း ရန်သူ၏ ဓားချက်များကို တစ်ချက်မလွဲ ကာကွယ်ပေးနေ၏။

" အား .... "

ထိုခဏတွင် လင်ကျားလု၏ အော်သံ ထွက်ပေါ်လာသည်။ သူမ၏ လည်တိုင်သည် အနည်းငယ် ပြတ်ရှနေပြီး သွေးစက်များ စိမ့်ထွက်နေ၏။ သို့သော် ပြင်းပြသော ကြောက်ရွံ့မှုသည် သူမခြေလက်များအား ပျော့ခွေ၍ နာကျင်လာစေသည်။ ထို့ပြင် သူမသည် လူစုကို ဦးဆောင်ရန်လည်း မေ့လျော့သွားခဲ့၏။

ဟောင်ရွယ်မှော်ဆရာခန်းမတွင် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သော မှော်ဆရာတစ်ယောက်အနေနှင့် ဖြစ်စေ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် လာရောက်သည့် သာမန်မိန်းကလေးအနေနှင့်ဖြစ်စေ သေဆုံးခြင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ပြီးနောက် သူမ၏ စိတ်မှာ လုံးဝ ပြိုလဲသွားခဲ့သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now