အခန်း ၃

219 13 0
                                    

သူရဲကောင်း စာမေးပွဲ

"ကျွန်တော် မသိပါဘူး... အကြီးအကဲ..."

ထို လူလတ်ပိုင်း အရွယ် အမျိုးသားကို မြင်သည်နှင့် ဘယ်ဇာသည် သူ့ကို အမြန် အရိုအသေ ပေးလိုက်၏။ ထို လူလတ်ပိုင်း အရွယ် အမျိုးသားသည် လွန်ခဲ့သည့် ရက် အနည်းငယ်ကမှ အိုဒင် ခန်းမသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ဒီလူရဲ့ အထောက်အထားနှင့် အခြေအနေတွေကို ဘယ်ဇာက သေချာ မသိပေ။ သေချာတာ တစ်ခုကတော့ ထိုလူသည် ဟောင်ရွှယ် စီရင်စု၏ လက်ရွေးစင် သူရဲကောင်းအဖွဲ့မှ ဖြစ်သည် ဆိုခြင်းပင်။

လူလတ်ပိုင်း အရွယ် အမျိုးသားက ဘယ်ဇာကို ပြန်ကြည့်ပြီး ပြောလိုက်သည်။

"သူ့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးက သာမန် လူတွေနဲ့ မတူလို့ဘဲ... ဒီလိုမှ မဟုတ်ရင် သူ ဒီလို အရည်အချင်း မျိုးကို ဘယ်လိုမှ ပြသနိုင်မှာ မဟုတ်ဘူး..."

လုံဟောင်ချန်းသည် သူ့လက်ထဲမှ ဖန်ပုလင်း သေးသေးလေးကို ကိုင်ဆောင်ကာ ပျော်ရွှင်စွာဖြင့် သူ့ အိမ်ဆီသို့ ပြေးသွား၏။

တခြား ကလေးများ အတွက် ထို ပုလင်းထဲက အရည်မှာ သောက်ရခဲသည့် ဆေးတစ်ခုပင်။ သို့သော် လုံဟောင်ချန်း အတွက်မူ ထိုဆေးရည်မှာ သူ သူရဲကောင်း ကျောင်းတော်ကို ဝင်ရောက်ရသည့် အကြောင်းအရင်း တစ်ခုပင်။

လုံဟောင်ချန်းက လမ်းလျှောက်လာရင်း ရေရွှတ်လိုက်သည်။

"အစ်ကိုကြီး ကျန်းဟူ ပြောတာ မှန်တယ်... ဒီ ယွမ်ဆေးရည်က တကယ်ကောင်းတဲ့ အရာပဲ... ဒီဆေးရည်ကို သောက်ပြီးတဲ့ နောက်ပိုင်းမှာ အမေရဲ့ ကျန်းမာရေးက ပိုကောင်းလာတယ်... တောင်းပန်ပါတယ် အမေ...သားကို အခြား သူတွေရဲ့ အရှေ့မှာ ဒူးမထောက်ရဘူးလို့ သင်ထား ခဲ့ပေမယ့် ဒီနေ့ စာမေးပွဲသာ သားမအောင်ခဲ့ရင် နောက်ထပ် ယွမ်ဆေးရည် သောက်ဖို့ ဘယ်တော့မှ ယူလာ ပေးနိုင်မှာ မဟုတ်တော့ဘူး..."

ဘယ်ဇာသည် လုံဟောင်ချန်း၏ အတွေးများကို ကြားလျှင် အံ့အားသင့်စွာ စိုက်ကြည့် နေလိမ့်မည်။

သူရဲကောင်း ကျောင်းတော် အတွက်၊ ယွမ်ဆေးရည်သည် အသက် ဆယ့်ငါးနှစ်အောက် ကလေးများ အတွက် အထူး အကျိုး သက်ရောက်မှု ရှိသော ဆေးတစ်မျိုး ဖြစ်သည်။ ထိုဆေးရည်သည် လူတစ်ယောက်၏ အခြေခံ ကျင့်ကြံမှု ရလဒ်များ အားကောင်းစေရန်၊ လေ့ကျင့်ရေးတွင် ကူညီပေးရန်နှင့် ခန္ဓာကိုယ်၏ အခြေခံ အုတ်မြစ်များကို ချထားရန် ကူညီပေးမည် ဖြစ်သည်။ လုံဟောင်ချန်းသည် ယနေ့ စာမေးပွဲ ကျလုနီးပါး ဖြစ်ရသည့် အကြောင်းရင်းမှာ ယွမ်ဆေးရည် လုံးဝ မသောက်ခြင်းကြောင့်ပင်။ ဟောင်ချန်းမှာ သူရရှိခဲ့သည့် ထိုဆေးရည် အားလုံးကို သူ့အမေအား ပေးခဲ့သောကြောင့် ဖြစ်သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now