အခန်း ၃၀

85 5 0
                                    

လင်ကျားလု

 နာ့လန်ရှုနှင့် လီရှင်းတို့ နှစ်ယောက်လုံး စကား လုံးဝမပြောနိုင်ဘဲ ကျောက်တိုင်အား စိုက်ကြည့် နေမိသည် ။

" ၂၆၈ အဆင့်သုံး သူရဲကောင်းဖြစ်ဖို့ နှစ်မှတ်ပဲ လိုတော့တယ် "

" မောင်...မောင်လေး နင် လူရော ဟုတ်သေးရဲ့လား အသက် ဆယ့်နှစ်နှစ်နဲ့ အဆင့်သုံး သူရဲကောင်း ဖြစ်လာတော့မှာလား"

နာ့လန်ရှုနှင့် လီရှင်းတို့နှစ်ဦးစလုံး ထိတ်လန့် တကြား ရေရွတ် လိုက်မိသည်။ အချိန်မှာ တစ်နှစ်ခွဲခန့်သာ ရှိသေးသည်။ ထို အချိန်တိုလေး အတွင်းတွင် စိတ်ဝိညာဉ်စွမ်းအင် နှစ်ဆကျော် တိုးတက်လာသည်မှာ အမှန်ပင် ကြောက်စရာ ကောင်းပေသည်။

လုံဟောင်ချန်းသည် သူ၏ ဓားအား ဘေးသို့ချကာ မလှုပ်မယှက် ရပ်နေလိုက်သည်။ သူ၏ စွမ်းအင် အဆင့် အတွက် သူ မအံ့သြမိပေ အမှန်တွင် ဤအရာမှာ သူ၏ အစစ်အမှန် စွမ်းအင် အဆင့်ပင် ဟုတ်မနေပေ။ သူတော်စင် စိတ်ဝိညာဉ်မီးလင်းဖိုအား ပေါင်းစပ်ပြီးနောက် သူ၏ စွမ်းအင် အဆင့်သည် အဆင့်ငါးဆယ်ကျော် ထိုးကျ သွားခဲ့ရသည်။ မဟုတ်ပါက သူ၏ စွမ်းအင် အဆင့်သည် အဆင့် လေးကို ကျော်လွန်၍ အဆင့်ငါး သူရဲကောင်း ဖြစ်လုနီးပါပင် ရှိမည် ဖြစ်သည်။

" ပါရမီရှင် .. တကယ့်ကို ပါရမီရှင်ပဲ"

နာ့လန်ရှု ခပ်တိုးတို ရွတ်ဆိုလိုက်သည်။

လီရှင်းသည် လုံဟောင်ချန်းအား ပြင်းပြင်းထန်ထန် ကြည့်နေသည်။

"သူက အသက် တော်တော် ငယ်သေးတာ ဆိုတာပဲ မဟုတ်ရင် မမ နင့်ကို အပိုင် သိမ်းပစ်လိုက်ပြီ"

လီရှင်း လုံဟောင်ချန်းအား ကြည့်နေရင်း သက်ပြင်းဖွဖွ တစ်ချက် ချလိုက်မိသည်။

" သွားရအောင် ညစာစားချိန်ရောက်နေပြီ"

လီရှင်း နာ့လန်ရှုအား နူတ်ဆက်စကားပြော၍ လုံဟောင်ချန်း လက်အားဆွဲကာ ထွက်လာလိုက်သည်။

---- ------- ---- -------

ဟောင်ရွှယ် ခန်းမမှ ထွက်လာပြီးနောက် လီရှင်းသည် လုံဟောင်ချန်းအားခေါ်ကာ အနီးရှိ အကြီးဆုံး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now