အခန်း ၇

137 9 0
                                    

လျှို့ဝှက် ဆန်းကြယ်သော ဆရာအသစ် (၃)

ဘာသာပြန်သူ - Win Min Khant

"အဲ့ဒီ ကောင်မလေး ဒုက္ခ ရောက်နေမယ်လို့ ထင်လား ဆရာ"

လုံဟောင်ချန်းက အဆက်မပြတ် မေးနေသည်။

ရှင်းယုက ခေါင်းခါရင်း ဖြေလိုက်သည်။

" သူက အဖြူရောင်ဝတ်စုံနဲ့ လူနဲ့က အတူတူပဲ ဖြစ်လောက်တယ်... ပြီးတော့ နှစ်ယောက်လုံးက လုပ်ကြံသတ်ဖြတ်ခြင်း ကျောင်းတော်က ဖြစ်လိမ့်မယ် ..."

"လုပ်ကြံသတ်ဖြတ်ခြင်း ကျောင်းတော်"

လုံဟောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

ထို့နောက် ရှင်းယုက လုံဟောင်ချန်း လက်စွပ်ဝတ်ထားတဲ့ လက်ကို ဆွဲယူလိုက်ပြီး ပြော၏။

"ဒါက သိုလှောင်လက်စွပ်မလား"

တွေးသည့် အတိုင်းပင် လုံဟောင်ချန်း၏ လက်မှ အလင်းရောင် တစ်ခု ထွက်လာပြီးနောက် လက်စွပ်ကို ထိလိုက်သည့် အခါ သေးငယ်သော အပြာရောင် စက်ဝန်းတစ်ခု ထွက်ပေါ်လာလေသည်။

ရှင်းယု တစ်ယောက် အလွန် အံ့အားသင့် သွားသည်။

"မင်း အရမ်း ကံကောင်းတာပဲ... ဟိုကလေးမ ချန်ထားခဲ့တာက ဒါပဲဖြစ်မယ်... အရမ်း အဖိုးတန်တယ် ဆိုတာ မမေ့နဲ့... ဒါနဲ့ အဲ့ကလေးမက အတော် စိတ်ဝင်စားဖို့ ကောင်းနေတာပဲ"

လုံဟောင်ချန်း ခေါင်းကုတ်ရင်း သူ၏ ချောမောလှတဲ့ မျက်နှာက အမှန် သံသယ ဖြစ်နေပုံ ပေါက်နေသည်။ သူ့ဆရာ ပြောသမျှ အရာအားလုံးကို သူ နားမလည်နိုင်တော့ပေ။

"အဖြူရောင်ဝတ်စုံနဲ့ လူက ဟိုကြောက်စရာကောင်းတဲ့ မျက်နှာနဲ့လူတွေ ပျောက်သွားအောင် ဘယ်လိုလုပ်လိုက်လဲ သိလား ဆရာ"

ထိုအခါ ရှင်းယုက ပြုံးရင်းပြောလိုက်သည်။

"သူက လုပ်ကြံသတ်ဖြတ်ခြင်း ကျောင်းတော်မှာ သုံးတဲ့ ဝိညာဉ် မီးပြင်းဖိုနဲ့ အဲ့ဒီလူတွေကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပြီး သတ်လိုက်တာ... ပြီးတော့ အမှတ်အသား တစ်ခုမှ မချန်ဘဲ ပြာဖြစ်အောင်ပါ မီးရှို့ပစ် လိုက်သေးတယ်... အဲ့ဒါမျိုးက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို မီးပြင်းဖိုအဖြစ် ပြောင်းလိုက်တာလို့လည်း ပြောလို့ရတယ်... ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ လောင်ကျွမ်းခြင်းက‌နေ စိတ်ဝိညာဉ်သွေးကြော ဆယ့်နှစ်ခုကို ဖွင့်ပေးနိုင်တယ်... ခန္ဓာကိုယ် အတွင်းမှာ ပြောင်းလဲလာတာတွေလည်း ဖြစ်နိုင်တယ်...ပြီးတော့ အဲ့ဒါက မင်းစိတ်ထဲမှာပဲ သိမ်းထားရမယ့် အရာတစ်ခုပဲ။ ဒါပင်မဲ့ နောင်အသုံးလိုလာမယ်ဆိုရင်တော့ ထုတ်သုံးလို့ရတယ်... မလိုအပ်ရင် အမြဲတမ်း ထုတ်သုံးစရာ မလိုဘူး..."

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now