အခန်း ၂၇

84 7 0
                                    

သူတော်စင် စိတ်ဝိညာဉ်မီးဖို (၁)

လုံဟောင်ချန်းမှာ ထိုအဖြူရောင် မီးဖိုလေးအား ကြည့်ကာ သူ့မိဘများနှင့် မကြာမီ ခွဲခွာရတော့မည်ကိုပင် ဂရုမထား အားတော့​ပေ။

"အဖေ... အဲဒါ ဘာလဲ"

လုံရှင်းယုက

"ဒါက အဖေ မင်းအတွက် လက်ဆောင် အဖြစ် ပြင်ဆင်ပေးထားတဲ့ သူတော်စင် စိတ်ဝိညာဉ် မီးဖိုပဲ... စိတ်ဝိညာဉ်မီးဖို အမျိုးအစားတွေ အများကြီးရှိပြီး တစ်ခုဆီတိုင်မှာ တိကျတဲ့ အစွမ်းတွေ အမျိုးမျိုး ပိုင်ဆိုင်နိုင်ကြတယ်... ဒါပင်မဲ့ စိတ်ဝိညာဉ်မီးဖိုက အစွမ်းထက်လေလေ အသုံးပြုရမဲ့ တန်ဖိုးက ပိုကြီး လေလေပဲ... ဒီ သူတော်စင် စိတ်ဝိညာဉ်မီးဖိုက စိတ်ဝိညာဉ်မီးဖို အမျိုးအစား၇၂ မျိုးထဲက ၆၈ ခုမြောက် မီးဖိုပဲ... ဒါပေမဲ့ ရှားပါးမှု အရ အဲ့ဒါက ထိတ်တန်း ၁၀ ခု စာရင်းထဲမှာ ပါတယ်..."

" သူတော်စင် စိတ်ဝိညာဉ် မီးဖိုရဲ့ အသုံးဝင်ပုံကို အဖေပေးထားတဲ့ စာအုပ်မှာ အသေးစိတ် ရှင်းပြထားတယ်... ပြီးတော့ သူတော်စင် စိတ်ဝိညာဉ် မီးဖိုရဲ့ နောက်ထပ် ကောင်ကျိုးတစ်ခုက ခန္တာကိုယ်ကို ဝန်မဖြစ်စေတဲ့ အပြင် စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုမူကလည်း တော်တော်ကို နည်းတယ် ရိုးရိုးရှင်းရှင်း ပြောရရင် သူတော်စင် စိတ်ဝိညာဉ် မီးဖိုက တိုက်ခိုက်ရေးနဲ့... ကာကွယ်ရေး စွမ်းရည်တွေ မပါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းရည် တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်တယ်... အဲ့ဒါကို သုံးကြိမ် အထိ ဆင့်ကဲပြောင်းလဲ တိုးတက်ပြီးတာနဲ့ အဆင့် ၂၀ ထဲကို ရောက်သွားပြီးတော့ ကြီးမားတဲ့ အစွမ်းကို ပိုင်ဆိုင် လာလိမ့်မယ်...သူတော်စင် စိတ်ဝိညာဉ် မီးဖိုကို အသုံးပြုရင် မင်းက ရန်သူရဲ့ တိုက်ခိုက်မှုကို ဆွဲဆောင်နိုင်ပြီးတော့ အတူ တိုက်ခိုက်နေတဲ့ သူတွေကို ကယ်တင်နိုင်လိမ်မယ်... မင်း အသက် ဆုံးရှုံသွားတာ ဒါမှမဟုတ် သူတော်စင် စိတ်ဝိညာဉ်မီးဖို ကို ပိတ်လိုက်တဲ့ အချိန်မှ အဲ့ဒီစွမ်းဆောင်ရည်က ပျက်သွားလိမ့်မယ်"

"ဒီအချိန်မှာ ဒီဟာရဲ့ အသုံးဝင်ပုံကို မင်း နားမလည် နိုင်ပေမဲ့... တကယ့် တိုက်ပွဲအချိန်ကြရင် အဲ့ဒါ ဘယ်လောက် အသုံးဝင်တယ် ဆိုတာ နားလည် လာလိမ့်မယ်... သူတော်စင် စိတ်ဝိညာဉ် မီးဖိုရဲ့ နောက်ထပ် ကောင်ကျိုး တစ်ခုက ခန္ဓာကိုယ်ကို ဝန်မဖြစ်စေတဲ့ အပြင် စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုမူကလည်း တော်တော်ကို နည်းတယ်... ပြီးတော့... အနာဂတ်မှာ တခြား မီးဖိုတွေကိုပါ ထပ်ပေါင်းစုပ်ယူလို့ ပါရတယ်... အဲ့ဒါကြောင့် အဖေက မင်းရဲ့ ပထမဆုံး မီးဖို အဖြစ် ဒီဟာကို ရွေးချယ်ပေးခဲ့တာ... မီးဖိုရဲ့ နောက်ပိုင်း ရရှိလာမဲ့ စွမ်းရည်တွေကိုတော့ အဖေလည်း မသိဘူး... မင်း ကိုယ်ဘာသာကိုယ် သိအောင် ကြိုးစား ရလိမ့်မယ်... ဘယ်လိုလဲ... အဖေ ပေးတဲ့ လက်ဆောင်ကို သဘောကျရဲ့လား..."

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now