အခန်း ၂၈

85 6 0
                                    

သူတော်စင် စိတ်ဝိညာဉ် မီးဖို (၂)

"အဖေ... ကျွန်တော့ကို အနားမှာ ခေါ်ထားရင်တောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ"

ရှိုက်သံကို ပြန်ထိန်းရင်း လုံဟောင်ချန်းက နာကျင်စွာဖြင့် သူ့လက်နှစ်ဖက်ဖြင့် မြေကြီးထဲသို့ ကြမ်းတမ်းစွာ တူးဆွရင်း အချိန်အတော်ကြာ အထီးကျန် နေရသည့် ဝေဒနာကို ပထမဆုံး အကြိမ် ခံစားလိုက်ရသည်။

အစာစားချိန် လွန်သွားသဖြင့် လုံဟောက်ချန်သည် ထိုနေရာမှ ထွက်လာခဲ့တော့သည်။ တကယ်တော့ သူသည် ပြတ်သားသော ကလေးတစ်ယောက် ဖြစ်သော်လည်း သူ့ စိတ်ခံစားချက်က သူ့နှလုံးသား တစ်ခုလုံးကို ထိန်းချုပ် နိုင်ခဲ့သည်။ ဖေဖေ မေမေ သတိမထားမိဘဲ ရုတ်တရက် ထွက်သွားသည်_ ဤအချက်ကို သူ့စိတ်ထဲတွင် လက်ခံရခက် လွန်းလှသည်။

သူ မတ်တတ် ထရပ်လိုက်သည်နှင့် လုံဟောင်ချန်း ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သည်။ သူ့အကြည့်မှ လွန်ခဲ့သည့် ၂ နှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် မျိုးစုံ မြင်ကွင်းများ- သူ့အဖေ၏ လေးနက်မှု၊ မိခင်၏ နူးညံ့သိမ်မွေ့မှုတို့ သည် သူ့စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာသည်။

"ဘာကြောင့် ပျော်ရွှင်မှု နေ့ရက်တွေက တိုတောင်းရတာလဲ"

သူ့မျက်ရည်များ တစ်ဖန် ကျလာပြီး တစ်ချိန်တည်းမှာပင် လုံဟောင်ချန်းသည် အနီးဆုံး စားပွဲပေါ်မှ စာလုံး နှစ်လုံးကို သတိပြုမိလိုက်သည်။

ခြေလှမ်းနှစ်လှမ်း သုံးလှမ်း လောက်လှမ်းပြီးတာနဲ့ စာလုံးတွေကို လှမ်းယူ လိုက်သည်။

စာလုံး နှစ်လုံးပါရှိသော စာအိတ်များတွင် ၎င်းတို့ကို ဟောင်ချန်းနှင့် နာလန်ရူတို့အား အသီးသီး သတ်မှတ်ထားကြောင်း ရေးထားသည်။ ထင်ရှားသည်မှာ တစ်စောင်သည် သူ့အတွက်ဖြစ်ပြီး ကျန်တစ်စောင်မှာ ဟောက်ယု၏ ခန်းမ သခင် နာလန်ရူသို့ ပေးရမည် ဖြစ်သည်။

လုံဟောင်ချန်း ငြိမ်သက်သွားပြီး သူ့ဆီရေးထားတဲ့ စာပါရှိတဲ့ စာအိတ်ကို ဖြည်းညင်းစွာ ဖွင့်ထုတ် လိုက်သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now