အခန်း ၁၅

98 10 0
                                    

တစ်ဝက်တစ်ပျက် အစစ်အမှန် သူရဲကောင်း (၃)

" စီနီယာ အစ်မ သတိထားပါ..."

လုံဟောင်ချန်းက လီရှင်းကို သတိပေးရင်း စတင် လှုပ်ရှားလိုက်သည်။ လုံဟောင်ချန်း၏ လက်ထဲတွင် ရှိသော ဓားနှစ်လက်က ရှေ့သို့ ပြေးထွက်သွား၏။ သူ၏ ဓားက လီရှင်း၏ ဘယ်ဘက် ပခုံးဆီသို့ တိုးဝင်သွားသည်။

လုံဟောင်ချန်း၏ တိုက်ခိုက်မှုကို မြင်သောအခါ လီရှင်းက ပြုံးလိုက်ပြီး သူမ၏ ဓားကို မြှောက်ကာ တိုးဝင်လာသည့် ဓားချက်အား ခုခံလိုက်၏။ ထိုကောင်လေးက သူမအား မည်သို့ တန်ပြန်တိုက်ခိုက် ခုခံ မည်ကို အတော်လေး သိချင်မိသည်။

ချွင် ....

လုံဟောင်ချန်း၏ တိုက်ခိုက်မှုမှာ လီရှင်း၏ ခုခံမှုကြောင့် ရပ်တန့် သွားခဲ့သည်။ ထိုအခါ လုံဟောင်ချန်းမှာ သူ၏ ဓားကို ပြန်လည် ဆွဲယူလိုက်ပြီး သူမ၏ ဘယ်ဘက် ပခုံးကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ဤသည်ကို မြင်သောအခါ နာ့လန်ရှု၏ မျက်လုံးများ တောက်ပသွား၏။ လုံဟောင်ချန်းမှာ တိုက်ကွက် နှစ်ကွက်ကို ပေါင်းစပ် အသုံးပြုပြီး လီရှင်းကို ထပ်မံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လျှပ်တပြက် တိုက်ခိုက်ခြင်းဟု ခေါ်သော တိုက်ကွက်မှာ တိုက်ခိုက်မှု၏ အရှိန်ကို မြှင့်တင်နိုင်ပြီး စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း တစ်ပြိုင်နက် စုဆောင်း နိုင်သည်။ အဆုံးသတ် အဖြူရောင်ဓား တိုက်ကွက်မှာ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်း၍ တိုက်ခိုက်ရသော တိုက်ကွက် ဖြစ်သည်။ ထိုစွမ်းရည် နှစ်ခုကို ပေါင်းစပ် လိုက်သော အခါ လုံဟောင်ချန်း၏ စိတ်ဝိညာဉ် စွမ်းအင် အမှတ် တစ်ရာ့ခုနစ်ကို ကျော်လွန်သွားလေသည်။

သို့သော် လီရှင်းသည် သာမာန် သူရဲကောင်း တစ်ယောက် မဟုတ်ဘဲ အစစ်အမှန် သူရဲကောင်း တစ်ယောက်ပင်။ ဓားကို မြင်သည်နှင့် ချက်ချင်းပင် ကာကွယ်ရန် အသင့် ပြင်ထားပြီးသား ဖြစ်ပြီး၊ ထိုအခြေအနေတွင် သူမ၏ ညာလက်မှဓားသည် ခန္ဓာကိုယ်ရှေ့သို့ ရောက်ရှိလာသည်။ လုံဟောင်ချန်း မည်မျှပင် တိုက်ခိုက်ပါစေ သူမ၏ ခံစစ်ကိုပင် မထိုးဖောက်နိုင်ခဲ့ချေ။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now