အခန်း ၂၄

89 6 0
                                    

 မြင့်မြတ်သော နိုးထခြင်း၊ အလင်း၏သားတော်

လုံဟောင်ချန်းသည် လက်ထဲတွင် လေးလံသော ဓားရှည် နှစ်လက်ကို ကိုင်ထား၏။ ထို့နောက် ရှင်းယု၏ ဝါးဓားအရိပ် တိုက်ခိုက်မှု အားလုံးကို ပြန်လည် ဖြေရှင်းနိုင်ပုံရသည်။ ခဏအကြာတွင် ဓား၏ အရိပ်သည် တောက်ပလာပြီး သူ့တစ်ကိုယ်လုံးကို အလင်း ဘောလုံးကြီး တစ်ခုလို ဖုံးအုပ်ထား‌လိုက်သည်။ မြင့်မြတ်သော အလင်း စွမ်းရည်များကို အဆက်မပြတ် အသုံးပြုခဲ့ပြီး လေးလံသော ဓားရှည် နှစ်လက်ကို ကိုင်ကာ, ကာကွယ်ရင်း တိုက်ခိုက်နိုင်ခဲ့သည်။

လုံရှင်းယု၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရတိုင်း လုံ‌ဟောင်ချန်းသည် အနည်းငယ် အာရုံပျက်သွား လျှင်ပင် ဝါးဓားများသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျလာပြီး ဇီးကွက် ပုရွက်ဆိတ်များ၏ တိုက်ခိုက်မှုထက် ပို၍ နာကျင် ရ‌လေသည်။ သို့သော် ထူးဆန်းသည်မှာ လုံဟောင်ချန်းက ခုခံနိုင်ခဲ့သည်။ လုံရှင်းယုသည် အလွန် လေးနက်ပုံ ပေါက်သော်လည်း လုံဟောင်ချန်း၏ ခုခံမှုကို မဖြတ်ကျော်နိုင်ခဲ့ပေ။

ဆယ့်ငါး မိနစ်ခန့် တိုက်ခိုက်မှု အပြီးတွင် လုံရှင်းယု၏ ဝါးဓားသည် ရုတ်တရက် တောက်ပ လာသည်။ အဖြူရောင် အလင်းတန်း တစ်ခုပါ ထွက်လာပြီး ထောင်ပေါင်း များစွာသော ဓားရှည်များသည် လုံဟောင်ချန်း၏ ရှေ့တွင် ပေါ်လာ‌သည်။

လုံဟောင်ချန်းသည် သူ၏ ဓားရှည်များကို ဝှေ့ယမ်း နေဆဲဖြစ်သည်။ သူလည်း လုံရှင်းယုထံမှ ယခုလို ရုတ်တရက် တိုက်ခိုက်မှုမျိုး ထွက်ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် လုံဟောင်ချန်းသည် လုံးဝ သတိ လက်လွှတ်မနေဝံ့ဘဲ ၎င်း ဝါးဓားများကို ကာကွယ်ရန် လျှပ်တပြက် တိုက်ကွက်ကို အသုံးပြုခဲ့သည်။

တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဓားများ လှုပ်ခါ သွားသော်လည်း ဝါးဓားသည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ ပထမ တိုက်ခိုက်မှုမှ အရှိန်ဖြင့် လုံဟောင်ချန်းသည် ရှေ့သို့ ဆက်၍ တိုးလာခဲ့သည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now