အခန်း ၄၀

112 6 0
                                    

သူရဲကောင်းတို့၏ မြင့်မြတ်သောတောင်-၂

ယဲ့ဟွာ၏ မျက်နှာမှာ စကားပြောနေရင်း နူးညံ့လာ၏။

" ဟောင်ချန်း .... ငါ့ရဲ့ မွေးရာပါ စိတ်စွမ်းအင်က ဘယ်လောက်လဲသိလား"

ထိုခဏတွင် သူ့အသံမှာ အေးစက်သွားသည်။

လုံဟောင်ချန်းက ခေါင်းခါပြ၏။

" မွေးရာပါ စိတ်စွမ်းအင်က ၉ ပဲ ရှိတယ် "

" ဟမ် ...."

ကိုးပဲ ရှိိတာလား ....

လုံဟောင်ချန်းတစ်ယောက် သူ့အဖေ၏ စကားများကို သတိရသွားသည်။

' မွေးရာပါ စိတ်စွမ်းအင်က တစ်ဆယ်မပြည့်ရင် အစစ်အမှန် သူရဲကောင်းအဆင့်ကနေ မဟာသူရဲကောင်းအဆင့်ကိုရောက်ဖို့ တော်တော်ခက်ခဲလိမ့်မယ်'

ယဲ့ဟွာက ထိုအကြောင်းကို အပြုံးတစ်ခုနှင့် ပြောလာသော်လည်း ထိုအပြုံးမှာ အငိုမျက်နှာထက် ကြည့်ရဆိုးလှသည်။

" ဟုတ်တယ် .... ကိုးပဲရှိတာ၊ ကောက်ကျစ်တဲ့ ကောင်းကင်ဘုံက ငါ့ကို ထက်မြက်တဲ့ ဦးနှောက် ပေးခဲ့ပေမယ့် မွေးရာပါ စိတ်စွမ်းအင်ကို အဲ့လောက်ပဲ ပေးခဲ့တယ်။ ငါ့ခေါင်းထဲက မရေမတွက်နိုင်တဲ့ သိုင်းကွက်တွေ ထွက်လာရင်တောင် ငါက လေတပ်သူရဲကောင်းအဆင့်ကနေ တက်နိုင်မှာ မဟုတ်ဘူး။ ငါ့ဘဝမှာ သက်တံ့သူရဲကောင်းအဆင့်ကို မရောက်နိုင်တော့မှာကို ငါ ကြောက်လန့်နေရတယ်"

" ငါ့ရဲ့ ဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာ ငါ အစစ်အမှန်သူရဲကောင်းအဆင့်ကို တက်နိုင်ခဲ့တယ်။ ပါရမီရှင်ဆိုပြီး လူတိုင်းအသိအမှတ်ပြုတာ ခံခဲ့ရတဲ့ အဲ့အချိန်တုန်းက ငါက အရမ်းရည်မှန်းချက် ကြီးခဲ့တယ်.... ဒါပေမဲ့ ငါ့ရဲ့ မြင့်မြတ်တဲ့ စိတ်ဝိဉာဉ် နိုးထတဲ့နေ့မှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံရသလို ငါခံစားခဲ့ရတယ်။ မွေးရာပါစိတ်စွမ်းအင် ကိုး ဆိုတာက အမှိုက်သာသာပဲလေ။ ငါ့ကို မြှောက်စားခဲ့ကြတဲ့ ဆရာတွေက ဘာမှ သင်မပေးချင်ကြတော့ဘူး။ သူတို့က သူရဲကောင်းတို့၏ မြင့်မြတ်သောတောင် ဘယ်မှာရှိတယ်ဆိုတာတောင် ငါ့ကို ပေးမသိခဲ့ကြဘူး။ ဆယ့်ငါးနှစ်အရွယ် ငါက အဲ့ဒါကို လက်မခံချင်ခဲ့ဘူး။ ငါဆက်ကြိုးစားနေသရွေ့ ကောင်းကင်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး အဆင့်တက်နိုင်မယ်လို့ ငါယုံကြည်ခဲ့တယ်"

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now