အခန်း ၃၁

68 5 0
                                    

သက်တံ့ရောင်စဉ်ဒိုင်း-၁

လီရှင်း၏ အသံမှာ ဒေါသကြောင့် တုန်ယင်နေသည်။

" လွန်ခဲ့တဲ့လက .... ပြီးခဲ့တဲ့လ အကြောင်းကို ပြောရဲတယ်ပေါ့လေ .... ငါ့အဖေနဲ့ ဦးလေးလင်သာ မြန်မြန်ရောက်မလာခဲ့ရင် ငါနင့်ကို သတ်ပြီးနေလောက်ပြီ "

လင်ကျားလု နှာခေါင်းရှုံ့လိုက်သည်။

" ငါ့အဖေသာ နင့်ကို ကာကွယ်ပေးမထားရင် နင့်ကို ရေခဲရုပ်တုဖြစ်အောင် လုပ်ပြီးနေပြီ "

လီရှင်းက အထင်သေးစွာ ခနဲ့လိုက်၏။

" နင့်မှာ ငါ့ကို ရိုက်နိုင်တဲ့ အရည်အချင်းရှိရင် မှော်လက်နက်တွေ မသုံးနဲ့ "

လင်ကျားလု ပြန်လည်ချေပလိုက်သည်။

" နင့်မှာ အစွမ်းအစရှိရင် နင့်ရဲ့ ယူနီကွန်းကို မဆင့်ခေါ်နဲ့လေ "

လီရှင်းသည် ဒေါသများကို မထိန်းချုပ်နိုင်တော့ပဲ နောက်ကျောဘက်ရှိ ဓားနှစ်ချောင်းထဲမှ တစ်ချောင်းအား ဆွဲထုတ်၍ တစ်ဖက်မိန်းကလေးအား စိန်ခေါ်လိုက်သည်။

" အပြင်ထွက်ကြတာပေါ့။ ဒီတစ်ခေါက် ငါ ရို့စ်ကို မဆင့်ခေါ်တော့ဘူး။ နင်ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"

လင်ကျားလုသည် သူမ၏ နှင်တံအား ဘေးရှိ ရာထူးနိမ့် စစ်သည်အား ပေးလိုက်သည်။

" ဒါဆို ငါ့ရဲ့ နှင်တံကိုလည်း မသုံးတော့ဘူး။ ဒီမိန်းမရဲ့ ဂါထာရွတ်နှုန်းကို နင်မျက်မြင်တွေ့စေရမယ် "

" မိန်းကလေးတို့....ကျောင်းအုပ်နဲ့ အကြီးအကဲချုပ်က မင်းတို့ နှစ်ယောက် ရန်ထပ်ဖြစ်နေမယ်ဆို နှစ်ယောက်လုံး ကျောင်းရပ်နားခံရမယ်လို့ သတိပေးထားပါတယ် "

မိန်းကလေးနှစ်ယောက်၏ ဒေါသများကို မြိုချ၍ ဟန်လုပ်ပြုံးနေကြသော မျက်နှာများကို ကြည့်ရင်း ကြားဝင်ဖျန်ဖြေနေရသော စစ်သည်များ၏ မျက်နှာတွင် ချွေးသီးချွေးပေါက်များထွက်လာ၏။

'ကျောင်းနားရမည်' ဟူသော စကားလုံးကို ကြားလျှင် လီရှင်းနှင့် လင်ကျားလုသည် စိတ်ထိန်းလိုက်ကြပြီး 'ဟမ့်' ဟု ပြိုင်တူ နှုတ်ခမ်းမဲ့လိုက်ကြသည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now