အခန်း ၄၅

87 7 0
                                    

ကြယ်စင်လင်းရောင် ယူနီကွန်း-၃

လှလိုက်တာ ....

လုံဟောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ့ရှေ့မှ လှပသော မြင်ကွင်းမှာ သူ့စိတ်အခြေအနေအား ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေး၏။ အသက်ပြင်းပြင်းရှူရှိုက်လိုက်သော် သူ့အနီးတွင် လှည့်ပတ်နေကြသော အလင်းစွမ်းအင်များ သူခံစားရလေသည်။ လုံဟောင်ချန်းက တရားထိုင်၍ စိတ်စွမ်းအင်ကျင့်ကြံလိုစိတ်ကို အတင်းချိုးနှိမ်လိုက်ပြီး မြင့်မြတ်သောတောင်၏ အတွင်းပိုင်း ဆက်လက် လမ်းလျှောက်လာလိုက်သည်။

သူရဲကောင်းတို့၏ မြင့်မြတ်သောတောင်မှာ အလွန်ကြီးမား ကျယ်ပြန့်လေရာ ငါးရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း လျင်လျင်မြန်မြန် ကုန်ဆုံးသွားခဲ့သည်။ လုံဟောင်ချန်းသည် တောင်ဆယ်လုံးမက တက်ခဲ့ပြီးဖြစ်သော်လည်း တောင်နယ်နိမိတ်၏ သုံးပုံတစ်ပုံခန့် ခရီးကိုသာ ရောက်သေး၏။ သူရောက်နေသော နေရာမှာ တောင်တန်း၏ အနက်ဆုံးအပိုင်းနှင့် အတော်လှမ်းနေသေးသည်။

ထို့ပြင် တောနက်လာလေ တောင်ထွတ်များမှာ ပိုမြင့်လာလေဖြစ်ရာ တောင်တက်ရသည်မှာ ပိုမို ခက်ခဲလာသည်။

သို့သော် သူဆက်လက် ရှေ့ဆက်သွားပြီးနေသဖြင့် တွေ့ရသော မှော်သားရဲများ၏ အဆင့်မှာလည်း ပိုမို မြင့်တက်လာသည်။ ပဥ္စမအဆင့်နှင့် ဆဠမအဆင့် မှော်သားရဲများကို မပြတ်တွေ့နေရသော်လည်း ၎င်းတို့မှာ သူ့အား ရင်းနှီးလိုဟန် မပြကြပေ။

'ငါ့ကို မမေ့ပါနဲ့' လက်စွပ်ထဲတွင် အစားအစာတို့နှင့် ရေအလုံအလောက် ပါလာ၍သာ တော်သေးသည်။ လုံဟောင်ချန်းက တစ်နေ့လျှင် ပျမ်းမျှ သုံးနာရီခန့် အနားယူလေ့ရှိ၏။ တရားမထိုင်ဖြစ်သော်လည်း သူ့စိတ်စွမ်းအင် သိသိသာသာ တိုးတက်လာသည်ကို သူခံစားမိနေသည်။

" ဟူး .... ရေသောက်ဦးမှပဲ "

နောက်ထပ် တောင်ထွတ်တစ်ခုပေါ်အရောက်တွင် ရေကန်ကြီးတစ်ကန်ကို လုံဟောင်ချန်း မြင်လိုက်သည်။

အမြင့်မှကြည့်သော် ရေကန်မှာ နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး တောင်တန်းများအကြားတွင် နီလာတုံးကြီးတစ်ခု နစ်မြုပ်နေသည့်နှယ်။ ရေကန်မှာ လှပလွန်း၍ လူသားကမ္ဘာမှ နတ်ဘုံနတ်နန်းသို့ ဝင်ပေါ်တစ်ခုဟုပင် ထင်ရလေသည်။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now