အခန်း ၅၃

79 3 0
                                    

ဝင်ခွင့်စစ်ဆေးမှုနှင့်လက်နက်-၁

ဒုန်း ... ဒုန်း ... ဒုန်း ...

တံခါးခေါက်သံ ထွက်ပေါ်လာ၏။

" မောင်လေး .... ငါတို့ သွားရတော့မယ်။ အဆင်သင့်ဖြစ်ပြီလား "

လီရှင်းက မိန်းကလေးနှင့်မတူစွာ တံခါးအား တဒုန်းဒုန်းထုရင်း အော်ခေါ်သည်။

" ပြီးပြီ .... ဖြစ်ပါပြီ "

လုံဟောင်ချန်းက တံခါးဖွင့်၍ ထွက်လာ၏။ လီရှင်း၏ မျက်လုံးများ တောက်ပလာသည်။

" ဝါး .... ကြည့်ကောင်းလိုက်တာ "

လုံဟောင်ချန်းက အဖြူရောင်ဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထား၏။ ထိုဝတ်စုံပေါ်တွင် ငွေရောင်နဂါးတစ်ကောင်ပုံကို ကော်လာအထိရောက်အောင် ချည်ထိုးထားသည်။ ခါးပတ်အလယ်တွင် တောက်ပနေသော ကျောက်တစ်လုံးက နေရာယူထားပြီး မြင့်မြတ်သော အရောင်အဝါများ ထုတ်လွှတ်နေ၏။

အနက်ရောင် ဆံပင်ရှည်များက သူ့ပုခုံးထက် ကျဆင်းနေကာ သူ့ရွှေရောင်မျက်လုံးတစ်စုံကို ကောင်းကင်နက်နက်အား နောက်ခံထား၍ မြင်နေရသလိုပင်။ နှုတ်ခမ်းရဲရဲများ၊ ဖြူဖွေးညီညာသော သွားများနှင့် ကျောက်စိမ်းဖြူသဖွယ် ဝင်းလဲ့နေသော အသားအရေ၊ နှာတံမြင့်မြင့်နှင့် စူးရှသော အကြည့်တစ်စုံ .... သူ့ပုံပန်းသွင်ပြင်မှာ အပြစ်ရှာစရာ တစ်ခုပင် မတွေ့နိုင်ချေ။

ခြောက်လခန့် ထပ်မံကုန်ဆုံးသွားပြီဖြစ်ရာ လုံဟောင်ချန်းမှာ အနည်းငယ် ပိုထွားလာသည်။ သူ့ကိုယ်မှာ အရပ်မြင့်မြင့်နှင့် အဆီပိုမရှိဘဲ ကျစ်လစ်နေ၏။

လုံဟောင်ချန်း၏ ပုံမှန်အဝတ်အစားများနှင့်ပုံစံကပင် ချောမောလွန်းနေပြီဖြစ်သည်။ ယခု သူ့ဝတ်စုံကို ခန့်ညားတင့်တယ်သော ဝတ်စုံအဖြစ် ပြောင်းလဲလိုက်သောအခါတွင် သူ့ပုံမှာ မိန်းကလေးတိုင်းအား မနာလိုဖြစ်အောင် လုပ်နေသည်နှင့် မခြားတော့ပေ။

လုံဟောင်ချန်းက ထိုဝတ်စုံကို ဝတ်ဆင်ထားရသည်မှာ အိုးတိုးအမ်းတမ်းဖြစ်နေသည်။

" အစ်မ .... ဒီလိုမျိုး ဝတ်ဖို့ထိ လိုလို့လား။ ကျွန်တော် နေသားမကျဘူး "

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now