တစ်ဝက်တစ်ပျက် အစစ်အမှန် သူရဲကောင်း စာမေးပွဲ (၂)
လီရှင်းမှာ စူးစမ်းလိုစိတ် အပြည့်ဖြင့် ဘေးနားတွင် ရပ်နေသည်။ နာ့လန်ရှုသည် ဟောင်ရွယ် ခန်းမ၏ ခန်းမသခင် သာမက အဆင့်ငါး အစစ်အမှန် မြေကမ္ဘာ အဆင့် သူရဲကောင်း တစ်ယောက်လည်း ဖြစ်သည်။ မဟာမိတ် ကျောင်းတော် မဟာမိတ် အဖွဲ့တွင် သူ့ကို ယှဉ်နိုင်သော သူသိပ်မရှိပေ။ ရိုးရှင်းသော စာတစ်စောင်က နာ့လန်ရှု၏ အမူအရာကို ပြောင်းလဲ သွားစေမှာ အကြောင်းအရင်း တစ်ခု ရှိနိုင်ပေသည်။
လီရှင်းမှာ ထိုအကြောင်းအား တွေးတောနေစဉ် နာ့လန်ရှုက စာကို ဖတ်ပြီးသွားကာ လုံဟောင်ချန်းအား ကြည့်၍ ပြောလိုက်သည်။
"ငါနဲ့ လိုက်ခဲ့"
ထို့နောက် အပြင်သို့ ထွက်သွားလေသည်။
လုံဟောင်ချန်းက နာ့လန်ရှု၏ နောက်သို့ စူးစမ်း ချင်စိတ် အပြည့် ဖြစ်နေသော လီရှင်းနှင့် အတူ လိုက်ပါသွားသည်။
ဟောင်ရွယ် ခန်းမ၏ ပထမ ထပ်သည် ပင်မ ဧည့်ခန်းပင်။ ဒုတိယထပ်သည် ကိစ္စအဝကို ကိုင်တွယ်သည့် နေရာ ဖြစ်ပြီး တတိယ ထပ်ကို စာမေးပွဲ ဖြေဆိုသည့် နေရာဟု လူသိများသည်။ ဟောင်ရွယ် ခန်းမမှ သူရဲကောင်းများမှာ ခန်းမ နောက်ဘက်ရှိ အဆောက်အဦး တစ်ခုတွင် နေထိုင်ကြသည်။
တတိယထပ်တွင် အဆောက်အဦ၏ ခန်းမထိပ်တွင် အမိုးခုံး တစ်ခု ရှိသည်။ လုံဟောင်ချန်းမှာ ဝင်လိုက်သည်နှင့် စိတ်ပျက်စရာ အငွေ့အသက် တစ်မျိုးကို ခံစားလိုက်ရသည်။ တတိယထပ်သည် အလွန်ကျယ်ဝန်းသော ခန်းမ တစ်ခု ဖြစ်ပြီး အမြင့် ငါးမီတာခန့် ရှိကာ အလှဆင်မှု တစ်စုံတစ်ရာ မရှိပေ။ ဘေးပတ်ပတ်လည် နံရံများတွင် သင်္ကေတများနှင့် မျဉ်းကြောင်း အချို့ရှိ၍ တောက်ပသော ခင်းကျင်းမှု တစ်ခုပင်။
စာမေးပွဲ ခန်းမသို့ ရောက်သောအခါ နာ့လန်ရှုက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အပြာရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကြမ်းပြင်မှ ကျောက်တိုင်တစ်ခု ထွက်လာလေသည်။ ထိုကျောက်တိုင်မှာ ကတ္တရာစေးကဲ့သို့ နက်မှောင်နေပြီး ၎င်းက မည်သည့် အမျိူးအစားဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲပေသည်။
YOU ARE READING
ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်
Fantasiမူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင် ဘာသာပြန်ဆိုရေးသားသူ - Win Min Khant