အခန်း ၅

151 10 0
                                    

လျှို့ဝှက် ဆန်းကြယ်သော ဆရာအသစ်

"အမ်..."

လုံဟောင်ချန်းသည် ခေါင်းကိုကိုင်ပြီး ဖြည်းညင်းစွာ သတိပြန်ဝင်လာသည်။ ထို့နောက် ထထိုင်ကာ ဖြစ်ပျက်သွားသည်များကို စဉ်းစားလိုက်သည်။

​ "ငါဘာမှ မဖြစ်သွားဘူးလား..."

ဒဏ်ရာကင်းမဲ့နေသော သူ့ ခန္ဓာကိုယ်ကို မြင်လိုက်ရသည့်တိုင် သူ စိတ်သက်သာရာ ရမနေနိုင်သေးချေ။ တောအုပ်အတွင်း၌ ကျေးငှက်အော်မြည်သံတို့က တကျီကျီနှင့် ပျံ့လွင့်လျက်ရှိသည်။ လုံဟောင်ချန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်သောအခါ သူခူးလာသော အပင်များကို သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့လိုက်၏။ သူ အံ့ဩသွားကာ အမြင်မှားနေသလားဟု သူ၏ မျက်လုံးများကို ပွတ်ကာ ကြည့်လိုက်သည်။

"ငါ တကယ် အိပ်ပျော်သွားတာလား... ဒါတွေ အားလုံးက အိပ်မက် တစ်ခုပဲလား...အိုး... ဒါက ဘာလဲ..."

သူ့လက်ချောင်းမှ လက်စွပ် တစ်ကွင်းကို သတိ ထားမိလိုက်၏။ ထိုလက်စွပ်မှာ အပြာရောင် ဖြစ်ပြီး တောက်ပသည့် အလင်းရောင် အချိူ့ ထွက်ပေါ်နေသည်။ လက်စွပ်ကို ရွှေဖြင့် ပြုလုပ်ထားပြီး အလယ်၌ ဆန့်စေ့အရွယ် အဖိုးတန် ကျောက်မျက်တစ်လုံးကို မြှပ်နှံထားသည်။ လုံဟောင်ချန်းမှာ လက်စွပ် အလယ်တွင် မြှုပ်နှံထားသော ဆန်စေ့အရွယ် ကျောက်လေး၏ ချောမွတ်မှုကို သူ၏ လက်ဖြင့်ပင် ခံစားမိလေသည်။ လက်စွပ်ကို သူ့ လက်ချောင်းနှင့် ထိလိုက်သော အခါ ထူးဆန်းတဲ့ ခံစားချက်ကို ပေးစွမ်းလေသည်။

လုံဟောင်ချန်းက အသေအချာ စိုက်ကြည့် နေသည်။ မေ့မြော မသွားမီ ဖြစ်ပျက်သမျှ အရာအားလုံးသည် အမှန်တကယ် ဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သော်လည်း စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သူ့စိတ်ထဲအတွင်း၌ မေးခွန်းများဖြင့် ပြည့်နှက် နေ၏။

ဆွံ့အနေတဲ့ ကလေးမလေးနဲ့ အဖြူရောင်ဝတ်လူတို့၏ ဆက်ဆံရေးက မည်သည်နည်း။ ထို့အပြင် လက်စွပ်ပိုင်ရှင်မှာ ထိုနှစ်ဦးထဲက မည်သူဖြစ်မည်လော။

အသက် ကိုးနှစ်အရွယ် လုံဟောင်ချန်း အတွက် ဤပြဿနာများသည် ရှုပ်ထွေးလွန်းပြီး အဖြေများနှင့် ပတ်သက်၍ သူ့တွင် သဲလွန်စမရှိပေ။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now