အခန်း ၂၃

87 8 0
                                    

မြင့်မြတ်သော နိုးထခြင်း၊ အလင်း၏သားတော်

သူရဲကောင်း ကျောင်းတော်တွင် အလင်းသားတော်၏ လျှို့ဝှက်ချက်များကို အမှန်တကယ် သိသူ ဆယ်ဦးပင် မရှိခြင်းကြောင့် လုံရှင်းယုသည် သူ့သား၏ မွေးရာပါ စွမ်းအင်များကို ထုတ်ဖော်ကြမည်ကို လုံးဝ စိုးရိမ်ခြင်း မရှိပေ။

"ဟောင်ချန်း... မင်းရဲ့ မြင့်မြတ်သော နိုးထမှု ပြီးသွားပြီ... ပြီးတော့... အခု မင်းဟာ အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်နေပြီ ဆိုတာကို သဘောပေါက်ပြီလား..."

"အိုး... ဒီလောက်‌တောင် လွယ်လား..."

လုံဟောင်ချန်းမှာ အံ့သြသွားသော်လည်း သူ့အတွေးများနှင့် လှုပ်ရှားမှုများကို တုံ့ပြန်သည့် ပူနွေးသော လေစီးကြောင်းကို ခံစားလိုက်ရသည်။

"လွယ်လား..."

လုံရှင်းယုမှာ ဟန်ဆောင်ပြုံးကာ မေးလိုက်သည်။ သူရဲကောင်း တစ်ဦး နိုးထပြီးနောက်၊ စိတ်ဝိညာဉ် စွမ်းအင် အဆင့် နှစ်ဆယ်တွင် ရှိလျှင် ၎င်းသည် ချီးမွမ်း ထိုက်နေပြီ ဖြစ်သည်။

"မင်းရဲ့ မွေးရာပါ အရည်အချင်းတွေက မဆိုးပါဘူး... ဒါပင်မဲ့... ဒါက မြင့်မြတ်သော နိုးထမှုပဲ... အနာဂတ်မှာ မင်းရဲ့ လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အရင်တုန်းကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ရလိမ့်မယ်... အဲ့တာကို သေသေချာချာ မှတ်ထားရမယ်..."

"ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်... အဖေ..."

လုံရှင်းယုသည် လုံဟောင်ချန်း၏ လက်ကို ကိုင်ကာ သစ်လုံး အိမ်ဆီသို့ ပြန်ရောက် လာသည်ကို တွေ့လိုက်ရ‌သော ပိုင်ယွဲ့၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကာ အနီးကပ် ရပ်နေသည်။ သူမသည် နိုးထမှု အကြောင်း သိပ်မသိသော်လည်း ခင်ပွန်းသည်ကို ကောင်းကောင်း နားလည်သည်။ လုံရှင်းယုမှာ အနည်းငယ် ထိတ်လန့် နေကြောင်း မျက်နှာကို ကြည့်ရုံနှင့် သိနိုင်သည်။ သူမ၏ သားလေး မွေးရာပါ အရည်အချင်းကြောင့် သူမ၏ ခင်ပွန်းသည် မထင်မှတ်ဘဲ ထိတ်လန့် သွားသဖြင့် ချန်းချန်း၏ ရွေးချယ်မှုသည် မှန်ကန်သည်ဟု ထင်ရသည်။ ဒါပင်မဲ့ တစ်နေ့မှာ သူတို့ သားအဖ အဲဒီ လူကို တကယ် ရင်ဆိုင်ရမယ် ဆိုရင် ......

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now