အခန်း ၄၄

61 4 0
                                    

ကြယ်စင်လင်းရောင် ယူနီကွန်း-၂

" ညွှန်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် ... စီနီယာ "

" အင်း ... မင်းလည်း သွားတော့ "

အကြီးက လက်ကို လှုပ်ရှားလိုက်လျှင် စာလိပ်မှာ လောင်ကျွမ်းသွားခဲ့ပြီး အခိုးအငွေ့များ ဖြစ်ကာ လုံဟောင်ချန်း၏ လက်တွင်းမှ ကျောက်ပြားထံ ဝင်ရောက်သွားခဲ့သည်။ လုံဟောင်ချန်းက ယဲ့ဟွာဘက်လှည့်၍ သူရဲကောင်းတို့ ဓလေ့အတိုင်း အလေးပြုသည်။

" သွားတော့ "

ယဲ့ဟွာက အလေးပြန်ပြုသည်။ သူ့မျက်နှာပေါ်မှ အပြုံးမှာ အားတင်းပြုံးထားပုံပေါ်သော်လည်း သူ့အကြည့်မှာ အေးစက်နေမြဲပင်။ လုံဟောင်ချန်းက ကျောခိုင်း၍ မြူခိုးများအကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။

ကျောခိုင်းသွားသော ပုံရိပ်ကို ကြည့်နေပြီးနောက် ယဲ့ဟွာက လှည့်ထွက်ရန်ပြင်သည်။ အဘိုးကြီးက စကားစလာ၏။

" ဒီကောင်လေးက ရှားပါး မျိုးစေ့လေးပဲ။ ဒီလို တပည့်မျိုး ရထားတာ မင်းတော်တော် ကံကောင်းတယ် "

ယဲ့ဟွာမှာ ရုတ်တရက် ချီးကျူးစကားကြောင့် အံ့အားသင့်သွား၏။

" စီနီယာရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် "

အဘိုးကြီးက ခပ်တည်တည် ပြန်ပြောလာသည်။

" ငါက သူများတွေကို မချီးကျူးတတ်ဘူး။ အမှန်ကိုပဲပြောတာ ... မင်းလည်း သွားတော့ "

" ဟုတ်ကဲ့ "

ယဲ့ဟွာသည် မြူခိုးများအတွင်းသို့ ရိုရိုသေသေ ဆုတ်ခွါလာသည်။ မလာခင်က ဤနေရာမှ အကြီးအကဲများ အကြောင်းကို လုံဟောင်ချန်းအား သူမပြောပြဖြစ်ခဲ့ခြင်းမှာ သူယခင်လာစဉ်က သူတို့အကြောင်းကို သိရန်ပင် အရည်အချင်း မမှီခဲ့သောကြောင့် ဖြစ်၏။

သူရဲကောင်းတို့၏ မြင့်မြတ်သောတောင်မှ ထိုအစောင့်အ​ရှောက်များမှာ အဖွဲ့အစည်းမှ တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်ပြီးသူများ ဖြစ်ကြပြီး အနည်းဆုံး ကောင်းကင်သူရဲကောင်းအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ငွေစင်အနှစ်စစ်ချပ်ဝတ်ကို လက်ခံရယူပြီးနောက် အငြိမ်းစားယူကာ ဤနေရာအား စောင့်ကြပ်နေကြခြင်း ဖြစ်၏။

ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်Where stories live. Discover now