Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🌝🧚(1)
"လပြည့်ဝန်းမေ!! လပြည့်ဝန်းမေ!!"
လဝန်းဟာ ထမင်းအိုးပေါင်းအိုး တည်ဖို့
လုပ်နေရင်းမှ ဖွားဖွားကြီးရဲ့ ခေါ်သံစူးစူးကြောင့်
ပလက်ပေါက် အမြန်တပ်ကာ စားခန်းထဲမှ
ပြေးကာ ထွက်လာရသည်။"နင်ဘာလုပ်နေလို့ ကြာနေတာလည်း!ဟမ်!"
"လဝန်း ထမင်းအိုးတည်နေလို့ပါ...."
"ပြောလိုက်ရင် ဆင်ခြေတွေချည်းဘဲ!"
"ဖွားဖွားကြီးဘဲ ခုနတုန်းက ထမင်းအိုး
သွားတည်ဆိုလို့ လဝန်းသွားတည်တာ""ခွပ်!!"
"အ!!"
ခေါင်းကို ခေါက်လိုက်တာကြောင့်
လဝန်း ဦးခေါင်းလေး နာသွားရသည်။"မှတ်ထား! လူကြီးသူမကို ပြန်ခံပြောချင်ဦး!"
ဒေါသမျက်ဝန်းဖြင့် ပြောလာသည့်ဖွားဖွားကြီးကြောင့် လဝန်းဟာ နာသွားတဲ့ ကိုယ့်ခေါင်းကို
ခပ်ဖွဖွ ပွတ်ရင်း မျက်နှာလေးရှုံ့မဲ့နေသည်။"သွား! အခုချက်ချင်း ငါ့မြေးအခန်းကို
သွားပြီး သန့်ရှင်းရေးလုပ်ပေးလိုက်!""ဟုတ်"
လက်ညိုးထိုးပြီး အခုသွားဖို့ ပြောလာတဲ့
ဖွားဖွားကြီးကြောင့် လဝန်း ခေါင်းလေးငုံ့ကာ
ဒီအိမ်ကြီးရဲ့ မင်းသမီးလေးစံမြန်းသည့်
အပေါ်ထပ်အခန်းသို့ လဝန်းဟာ တံခါးခေါက်ပြီး
ဝင်လာသည်။"ဒေါက်!!"
"အ!!!"
ဝင်ဝင်လာချင်းမှာဘဲ
ပထမဆုံး ကြိုဆိုခံလိုက်ရခြင်းဖြစ်သည်။
ဆော့စရာပစ္စည်းနဲ့ကောက်ပေါက်ခံလိုက်ရတာကြောင့် လဝန်း နဖူးလေးနာကျင်သွားရသည်။
နာလွန်းလို့ မျက်ရည်လေးတွေဝေ့တက်လာရကာ"နင်! ငါဝင်လာမှာကို မသိဘူးလား! ဟမ်!
ဖြူစင်မြင့်မိုရ်!"လဝန်းဟာ နာကျင်လွန်းလို့ မိုရ့်အား
အော်ဟစ်ကာ မေးမိတော့ ဒီစံအိမ်ကြီးရဲ့
မင်းသမီးလေးဟာ အဖြူရောင်ကုတင်ထက်မှ
လက်ပိုက်လျက်အနေအထားဖြင့် မျက်နှာမဲ့ရွဲ့ကာ ဆင်းလာသည်။
![](https://img.wattpad.com/cover/344296976-288-k546184.jpg)
YOU ARE READING
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romanceလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)