Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၆)
Ringtone!!!
ကားမောင်းနေရင်းမှ လမ်းခုလတ်တွင်
သူမဆီမှ ဖုန်းသံမြည်လာသည်။
တစ်ခါ ကျသွားပြီးနောက် ဆက်တိုက်ဆိုသလို
ခေါ်နေသည်မှာ သူ့ကိုစိတ်အနှောင့်အယှက်
ဖြစ်စေသည်။
အဓိက စိတ်အနှောင့်အယှက်ဖြစ်တာကတော့
အမူးသမားလေး နိုးသွားမှာစိုးလို့ပင်ဖြစ်သည်။
ခုနက သူမဟာ အသိစိတ်မဲ့နေလို့ သူနဲ့
kissing ဆွဲခဲ့တာဟုသာ နေစွမ်းမှတ်လိုက်သည်။
မတော်လို့သာ ဖုန်းသံကြောင့် နိုးလာရင်
ခုနလို အဖြစ်မျိုး ထပ်ဖြစ်မည်စိုးသည်။
ဘာကြောင့်ဆိုရင် အခုသူရော သူမရော
ကားပေါ်မှာ ဖြစ်နေတာကြောင့်ဖြစ်သည်။
နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသား
လူတွေ ဖြစ်သလို သွေးသားကိုယ်စီနဲ့မို့
ကားပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင်ဟု
တွေးကာ ကားကို လမ်းဘေးကပ်ရပ်လိုက်သည်။
သူမ ပိုက်ဆံအိတ်ထဲက ဆက်တိုက်မြည်နေတဲ့
ဖုန်းကိုထုတ်ပြီး contact name ကိုကြည့်လိုက်တော့ "Thurein Htet" ဟူသည့် နာမည်နဲ့
ကောင်လေးတစ်ယောက်ဖြစ်နေသည်။
ဒီလိုအချိန်ကြီး သူမကို ထိုကောင်လေးက
ဖုန်းဆက်နေတာကြောင့် နေစွမ်းစိတ်ထဲ
သိပ်ဘဝင်မကျဖြစ်ကာ အဝင်callကို
ဇက်ဇက်နဲ့ဆွဲပြီး အမြန်ကိုင်လိုက်သည်။
"ပြော..."
သူရိန်ဟာ လဝန်းပြန်မလာသေးလို့
စိုးရိမ်ပြီး ဖုန်းဆက်မိသည်။
သူရိန့်Club မှာ သူမ ရှိမလားဆိုပြီး
လှမ်းမေးကြည့်တော့
သူမက ရှိမနေပါဟု ပြောလာတာကြောင့်
သူရိန်ဟာ သူမဖုန်းကို ဆက်တိုက်ဆိုသလို
ခေါ်နေရာမှ လဝန်းဖုန်းကို
ကိုင်လိုက်တဲ့သူက ယောကျာ်းတစ်ယောက်အသံ
ဖြစ်နေလေတာကြောင့် စိတ်ထဲ၌ သူ့အလိုလို
ဒေါသက ထောင်းခနဲထသွားရပြီး
"ခင်ဗျား ဘယ်သူလည်း! ဘယ်ကလည်း!
ဘာလို့ ကျနော့်ကောင်မလေးဖုန်းက
ခင်ဗျားဆီ ရောက်နေတာလည်း!"
"ဘာ! ကောင်မလေး! ဟုတ်လား!"
ကောင်မလေးဟု တစ်ဖက်ဖုန်းက ပြောလိုက်တဲ့အခါ
နေစွမ်းရဲ့ မျက်ခုံးတန်းနှစ်ဖက်ဟာ
စုကျုံ့သွားရပြီး ကားစတီယာတိုင်ကို
ကျစ်နေအောင် ဆုပ်ကိုင်လိုက်သည်။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
