Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၂)
လဝန်းဟာ သူငယ်ချင်းတွေကိုတောင်
နှုတ်မဆက်နိုင်တော့ဘဲ ထိုနေရာမှ
အမြန်ထပြန်ခဲ့သည်။
"မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ကြ၊
ငါလဝန်းနောက် လိုက်သွားလိုက်မယ်"
လဝန်းဟာ သူတို့သူငယ်ချင်းသုံးယောက်အား
မနှုတ်ဆက်ဘဲ ထထွက်သွားတာကြောင့်
ယံယံနဲ့ သူရိန်က ဆိုင်မှာ ပိုက်ဆံရှင်းဖို့
ကျန်ခဲ့ကြသည်။ တာရာဟာ လဝန်းနောက်သို့
အမှီလိုက်လာခဲ့သည်။
"လဝန်း! ခဏနေဦး! ဘာဖြစ်တာလည်းလို့"
လဝန်းဟာ တာရာ့ အော်ခေါ်သံကိုတောင်
ဂရုမစိုက်နိုင်တော့ပါ။ ချက်ချင်းဆိုသလို
ကားဌားဖို့ လက်ပြကာ ဟန့်တားနေမိသည်။
"တက္ကစီ...!"
တက္ကဆီကားတွေ တစ်စီးပြီးတစ်စီးတားနေပေမယ့် ကားတွေဟာ တစ်စီးမှ မရပ်တာကြောင့်
လဝန်း ငိုချင်စိတ်ကို ထိန်းထားရသည်။
သို့ပေမယ့် လဝန်းထိန်းထားသည့်ကြားမှ
မျက်ရည်က ဝဲဖြစ်အောင် ဝဲလာသေးသည်။
"တက္ကစီ!"
"လဝန်း!"
လဝန်းရဲ့ လက်ကောက်ဝတ်လေးကနေ
ကိုင်ကာ ဆောင့်ဆွဲလိုက်တာကြောင့်
သူမဟာ တာရာ့ဘက်သို့ မျက်နှာချင်းဆိုင်
ပါလာသည်။
"ဟင်!"
တာရာဟာ သူ့ဘက်လှည့်လာတဲ့ လဝန်းရဲ့
မျက်နှာလေးကို မြင်တော့ သူမရဲ့ မျက်ဝန်းမှာ
မျက်ရည်ကြည်တွေ ဝေ့နေသည်။
"နင်...နင်...ငိုနေတာလား လဝန်း"
လဝန်းဟာ မျက်ရည်ဝဲလျက်နဲ့
ခေါင်းခါပြလိုက်သည်။
"ငါမငိုဘူးလို့ ဆုံးဖြတ်ထားတယ်"
"ဘာဖြစ်လို့လည်း ငါ့ကိုပြောလေ...?
နင်အခု နင့်ပုံစံက မသိရင် အရူးမီးဝိုင်းတဲ့
ပုံစံဖြစ်နေတယ်ဆိုတာ နင်သိလား!"
တာရာဟာ လဝန်းဝမ်းနည်းနေတာကို
ပထမဦးဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။
တာရာမသိခင်မှာဘဲ တာရာ့ရင်ထဲ
လဝန်းအတွက် နေရာတစ်ခုက ဝင်ရောက်နေပြီ။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
