Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚☪(၅)
ဆေးရုံဝတ်စုံ ဝတ်ဆင်ထားသည့်
လူနာကုတင်ပေါ်က မိန်းကလေးတစ်ဦး၏
မျက်နှာပြင်အထက်မှာ လွှမ်းမိုးနေသည့်
ပတ်တီးဖြူဖြူများဟာ
မျက်လုံးနဲ့နှာခေါင်းပေါက်ကလွဲပြီး
ကျန်တဲ့အစိတ်အပိုင်းကို မမြင်ရဘဲ ဖုံးလွှမ်းထားခြင်းခံထားရသည်။ သူမဟာ ကုတင်ပေါ်မှာ
ထိုင်နေလျက်ရှိပြီး ဆရာဝန်အလာကို
စောင့်မျှော်နေသည်။
သူမနဲ့အတူ ရှိနေတဲ့ သူတွေကတော့
သူမအဖေနဲ့သူမအမေဖြစ်သည်။
တစ်အောင့်နေတော့ သူမအခန်းထဲကို
ဆရာဝန်တစ်ဦးနှင့်အတူ nurse တွေပါ
ဝင်လာသည်။ထို့နောက် ထိုင်း-မြန်မာ
စကားပြန်တစ်ဦးပါ ပါလာသည်။
ဆရာဝန်ဟာ သူမတို့မိသားစု
ဌားထားတဲ့ စကားပြန်ကို တစ်ခုခုပြောနေသည်။
ထိုစကားပြန်ဟာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
နားထောင်နေရင်း သူမ ဘက်သို့
တစ်ချက်လှည့်ကာ.....
"မမလေးဖြူစင်မြင့်မိုရ်ရဲ့ မျက်နှာကို
ဆရာက အခုဘဲ ပတ်တီးဖြေတော့မှာပါတဲ့
အဲ့ဒါ မမလေးဖြူစင်မြင့်မိုရ်က အဆင်သင့်
ဖြစ်ပြီလားလို့ ဒေါက်တာက မေးပါတယ်..."
မိုရ် ခေါင်းငြိမ့်ပြရုံသာ ငြိမ့်ပြလိုက်သည်။
"ဒါဆို ဆရာက စကြတာပေါ့တဲ့...."
မိုရ့်မျက်နှာကို မိုရ်မြင်တွေ့ရတော့မှာမို့
မိုရ်အလွန်ကိုမှ စိတ်လှုပ်ရှားမိသည်။
ဆရာဝန်ဟာ မို့ရ်ကို စိတ်အေးအေးထားဖို့
စကားပြန်အား တစ်ဆင့်ပြောခိုင်းသည်။
မို့ရ်ကို မျက်လုံးစုံမှိတ်ထားဖို့ ပြောလာပြီး
အသက်ကို ပုံမှန်ရှူဖို့ ပြောလာသည်။
ထို့နောက် မို့ရ်မျက်နှာပြင်က ပတ်တီးစကို
ကတ်ကြေးဖြင့် စတင်ညှပ်နေပြီး ဖြစ်သည်။
မျက်နှာကို ရစ်ပတ်ထားတဲ့ ပတ်တီးအလွှာကို
တစ်လွှာချင်း တစ်လွှာချင်းဖြေချနေသည်။
နဖူးပြင် ပြေပြေလေးဟာ စတင်ပေါ်ပေါက်လာပြီး တဖြည်းဖြည်းနဲ့ ပတ်တီးအောက်က မျက်ဝန်း နှာတံစင်းစင်း မထူမပါးနှုတ်ခမ်းလေး
တစ်စုံ ပါးပြင်မို့မို့လေးက ပေါ်ပေါက်လာသည်။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
