Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၇)
ဒေါ်မြခက် ဟာ သူမ၏ အခန်းထဲတွင်
ဟိုတုန်းက သီချင်းများကို
ဘုရင်မကြီး တစ်ပါးလို သူမ၏ ဖဲမွေ့ယာထက်တွင် လဲလျောင်းပြီး။နားသောတဆင်နေစဉ်
သူမ အခန်းတံခါးကိုမခေါက်ဘဲ
ဝင်လာတဲ့ မိန်းကလေးကြောင့်
လဲလျောင်းနေရာမှ မျက်နှာ ခပ်တင်းတင်းဖြင့်
ထရပ်လိုက်သည်။"နင် လူလိုနားမလည်ဘူးလား! ဟမ်!"
"ဖွားဖွား....သေချာကြည့်ပါဦး?
လပြည့်ဝန်းမေရော ဟုတ်လို့လားလို့"ဒေါ်မြခက်ဟာ ထိုကလေးမကို
အလိုမကျသည့် မျက်ဝန်းဖြင့် အစအဆုံး
စူးစိုက်ကြည့်ကာ..."ဖွားဖွားက လူကဲခတ်တော်မယ်လို့
ထင်ထားခဲ့တာ...အခုတော့ ကိုယ့်မြေးကိုတောင်
ပြန်မမှတ်မိတော့ဘူးပေါ့လေ"မျက်နှာမဲ့ပြီး လက်ပိုကါလျက် အနေအထားနေအထားနဲ့ ဖွားအေဖြစ်သူကိုပြောလာသည့် မိုရ်။
"ဟင်? ဒါဆို ညည်း! ညည်းက! ဘယ်သူလည်း!
မိုရ်လေးလား! အဖွားရဲ့ တစ်ဦးတည်းသော
မြေးမလေး ဖြူစင်မြင့်မိုရ်လား!"ဒေါ်မြခက်ဟာ သူမ မတ်တပ်ရပ်နေသည့်
နေရာမှ ချက်ချင်းဆိုသလိုပင် မို့ရ် အနားကို
ရောက်ရှိလာကာ လပြည့်ဝန်းမေကိုမှ
ချွတ်စွတ် တူရလောက်သည်အထိ တူလွန်းနေတဲ့
မို့ရ်ရဲ့ မျက်နှာပြင် အစိတ်အပိုင်းကို ကိုင်ကာ"ဖွားဖွားရဲ့ မြေးလေးကို ဖွားဖွားက လွမ်းနေတာ"
ဒေါ်မြခက်ဟာ သူမ မြေးမကို ပွေ့ဖက်စီးကြို
လိုက်သည်။"ဖွားဖွားကို မတွေ့ရတဲ့ အတောအတွင်းမှာ
မို့ရ်ဖွားဖွားက လှလာလိုက်တာ""အဟွန်း စကားတတ်တိုင်း လျှောက်ပြောမနေနဲ့"
"မိုရ်က အရှိကိုအရှိတိုင်းဘဲ ပြောတတ်တာ
ဖွားဖွားလည်း သိရဲ့သားနဲ့""အေးပါကွယ်...ဒါဆိုလည်း ဖွားဖွားမြေးလေး
ပင်ပန်းလာပြီဆိုတော့ အရင်ဆုံး ရေမိုးချိုးပြီး
သွားနားလိုက်ပါဦး"

VOCÊ ESTÁ LENDO
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romanceလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)