𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (33)

5.2K 202 8
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၃၃)

မိုရ်သိပ်ကို ပျော်ရွှင်နေမိသည်။
အကြောင်းမှာ လိုင်းပေါ်တွင် ဝက်ဝက်ကွဲ
ဂယက်ထနေသည့် သတင်းတစ်ပုဒ်ကြောင့်။

"အစ်မဖြစ်သူမှ ညီမဖြစ်သူ၏ ခင်ပွန်းလောင်းအား စနိုက်ကျော်သည့်" ခေါင်းစီးဖြင့်
သတင်းတစ်ပုဒ်ဟာ နာမည်ကြီးနေပြီး
ထိုသတင်းထဲတွင်တော့ မို့ရ်ကို အတော်အများက ဝိုင်းပြီး သနားကြသည်။

မနက်စောစောစီးစီး မင်္ဂလာရှိတဲ့ သတင်းကြောင့်
မိုရ် အပျင်းကြောဆန့်ကာ ပြုံးလိုက်ရင်း
ကုတင်ပေါ်မှ ဆင်းမည်လုပ်တော့ ကိုကို့ဆီမှ
ဝင်လာတဲ့ ဖုန်းသံကြောင့် ချက်ချင်းဆိုသလို
ကောက်ကိုင်လိုက်သည်။

"ဟယ်လို...ကိုကို"

"ကိုယ်နဲ့ခဏလောက် တွေ့လို့ရနိုင်မလား မိုရ်"

မိုရ် သဘောကျစွာ ပြုံးမိသည်။

"အွန်း...ရတယ်လေ ကိုကို"

"ဟုတ်ပြီ ဒါဆို ကိုယ်အခုချိန်းထားတဲ့နေရာကို
မင်းလာခဲ့ပါ"

ကိုကို ဘာကိစ္စနဲ့တွေ့မလည်း မသိပေမယ့်
ကျိန်းသေတာကတော့ ကိုကိုဟာ မို့ရ်ရဲ့
လိုင်းပေါ်က ဝမ်းနည်းကြေကွဲနေတဲ့ video ကို
တွေ့ပြီး သနားသွားတာ ဖြစ်နိုင်သည်။

ကိုကို့ရဲ့ အညှာက မိုရ်ဝမ်းနည်းလာရင်
သနားတတ်တာဘဲ။
ဒီတစ်ချက်နဲ့တင် မိုရ်ဟာ လပြည့်ဝန်းမေကို
အနိုင်ရနိုင်လောက်သည်။

ကိုယ့်အတွေးနဲ့ကိုယ်တွေးကာ ပျော်ပြီး
‌ရေမိုးချ်ိုးပြီး ကိုကိုသဘောကျလောက်မယ့်
အဝတ်အစားတွေကို ထုတ်ပြီး မှန်ရှေ့
တစ်ထည်ပြီးတစ်ထည်ထုတ်ဝတ်ကာ
ပြင်ပြင်ဆင်ဆင်နဲ့ဝတ်လာပေမယ့်
တကယ်ချိန်းထားတဲ့နေရာကို
ရောက်လာတော့ ကိုကို မို့ရ်ကို ပြောလာတဲ့
စကားတစ်ခွန်း။

"မင်း မရှက်ဘူးလား မိုရ်?"

"ကိုကို ဘာကိုပြောချင်တာလည်း?"

"မနေ့ညက ဘားမှာ မင်းလုပ်ခဲ့တဲ့ လုပ်ရက်က
မင်းအစ်မနဲ့ငါ့အပေါ် ဘယ်လောက်ထိ
သိက္ခာကျစေမယ်ဆိုတာကို မင်းမတွေးဘူးလား
မိုရ်"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Место, где живут истории. Откройте их для себя