𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (14)

3.1K 103 10
                                        

Unicode & ZawGyi

                  𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

          ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၁၄)

ဒေါ်တင့်တင့်ရီတစ်ယောက် ကုတင်ထက်တွင်
သွေးတိုးလို့ဆိုပြီး ငြိမ်ငြိမ်လေး လဲလျောင်းနေသည်မှာ အတော်ကြာပေပြီ။

ဒီအိမ်ရဲ့ အိမ်အကူအမျိုးသမီး "ရီရီ"ကိုလည်း
သူမ‌အမေ ဒေါ်စိန်မမအား သွေးကျဲဆေးတိုက်ဖို့
ပြောထားသည်။

သွေးတိုးတိုင်း ငြိမ်ငြိမ်လေးနေတတ်သည့်
သူမဟာ အိပ်ယာထက်တွင် လဲလျောင်းပြီး
ငြိမ်ငြိမ်လေးနေတတ်သည့် အကျင့်ရှိသည်။

"ဂျောက်...."

"ရီရီ...ငါ့ကို မှန်တင်ခုံပေါ်က သံပရာသီးလေး
ယူလာပေးပါလား?"

သူမရဲ့ အိပ်ခန်းတံခါးဖွင့်သံကြောင့်
ဒေါ်တင့်တင့်ရီဟာ "ရီရီ" ဟူသည့်အထင်ဖြင့်
ကျောပေးလျက်အနေအထားဖြင့် ခိုင်းမိသည်။ သံပရာသီးကို သူမရဲ့ အလှပြင်သည့် ခုံပေါ်တွင်တင်ထား‌တာကြောင့်ယူလာခိုင်းခြင်းဖြစ်သည်။

"ရော့....သံပရာသီး"

ကြားလိုက်ရတဲ့ အသံဟာ
သားနေစွမ်းရဲ့အဖေအသံ ဖြစ်နေတာကြောင့်
ဒေါ်တင့်တင့်ရီဟာ လဲလျောင်းနေရာမှ
ကုတင်ထက် ထထိုင်လိုက်သည်။
ထို့နောက် အနီးအနားက ဆံညှပ်ကို ယူပြီး
ဆံပင်ကို လှိမ့်ပတ်ပြီးနောက် ဆံညှပ်ဖြင့်
ညှပ်ထားလိုက်သည်။

"ကျေး...ကျေးဇူးပါဘဲ"

ဦးမင်းမဟာမြတ်ဟာ ထိုမိန်းမကို
သံပရာသီးပေးပြီး အခန်းထဲက ထွက်ဖို့အလုပ်။

"နေ...နေပါဦး"

သူပေးလာတဲ့ သံပရာသီးကို သူမ ယူလိုက်ပြီး
နောက် ခဏလောက် အနားမှာ ထိုင်‌ပေးပါလား
ပြောမယ်ကြံသေး ? အိပ်ခန်းထဲမှ ထွက်သွားဖို့
လုပ်နေတာကြောင့် သူမမှာ ရှက်ရှက်ဖြင့်
တားလိုက်ရသည်။

"ပြော...ကျုပ်မအားဘူး"

"ဒီနေ့ အလုပ်နားတယ်မလား?"

"ပြောပြီးပြီလေ....မအားဘူးလို့"

"အင်း...အင်းပါ၊ အဲ့ဒါဆိုလည်း
လုပ်စရာရှိတာ သွားလုပ်ပါ"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Where stories live. Discover now