Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၈)
မိမိ မျက်နှာနဲ့ဆင်တူနေတဲ့သူကို
တွေ့ခဲ့ရင် လူတွေဟာ ဘယ်လိုများနေမလည်း?
လဝန်းကတော့ လဝန်းရှေ့က လဝန်းမျက်နှာနဲ့
တစ်ထပ်တည်း တူနေတဲ့ ဖြူစင်မြင့်မိုရ်ကို
မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ
အံ့ဩလွန်းမိသည်။
လဝန်းဟာ ဖင်ထိုင်လျက် လဲကျနေရာမှ
တုန်ယင်စွာ ပြန်ထလာကာ မို့ရ်မျက်နှာ အစိတ်အပိုင်းကို ကိုင်ကြည့်ဖို့ လုပ်တော့
မိုရ်က အနောက်သို့ ခြေတစ်လှမ်း
ဆုတ်သွားသည်။ မိုရ်က ခြေတစ်လှမ်း
ဆုတ်လေ လဝန်းက ခြေတစ်လှမ်းလှမ်းလေ
ဖြစ်သည်။ တကယ်တော့ လဝန်းဟာ
လဝန်းနဲ့တူတဲ့ မို့ရ်မျက်နှာ အစိတ်အပိုင်းကို
ထိကိုင်ချင်ရုံ သက်သက်သာ ဖြစ်သည်။
"မမ...မို့ရ်ကို....မို့ရ်ကို ဘာလုပ်မို့လည်းဟင်"
နေစွမ်းဟာ ထိုနှစ်ယောက်ကြားမှာ
နားမလည်နိုင်အောင် ကြည့်နေရင်းနဲ့မှ
ဟိုကလေးမက လပြည့်ဝန်းမေကို
အလွန်အမင်း ကြောက်နေပုံရတာကြောင့်
နေစွမ်းဟာ ကြောက်နေတဲ့ ကလေးမ ရှေ့မှာ
ရပ်တည်ကာ ကာကွယ်ပေးဖို့ လုပ်လိုက်သည်။
လဝန်းရှေ့ကို ရုတ်တရက် လာရပ်တဲ့
ကိုကိုကြောင့် လဝန်းဟာ ကိုကို့ကို
နားမလည်နိုင်စွာ ကြည့်မိပြန်သည်။
"မင်းညီမကို မင်းဘာလုပ်ဦးမို့လည်း!"
ကိုကိုဟာ လဝန်းရင်ထဲက အခြေအနေကို
နားမလည်နိုင်ပါ။
အင်းပေါ့လေ...ကိုကိုက လဝန်း အခြေအနေကို
ဘယ်သိနိုင်ပါ့မလည်း?
လဝန်းဟာ နာကျင်စွာ ပြုံးလျက် ကိုကိုနဲ့မို့ရ်ကိုနှုတ်ခမ်းလှလှလေး မဲ့ကာကြည့်လိုက်သည်။
"လဝန်းက ကိုယ့်ညီမကို ဘာလုပ်ရမှာလည်း?
ကိုကို့ရှေ့မှာ လဝန်းက မို့ရ်ကို တစ်ခုခု
လုပ်မယ်လို့ ထင်နေတာလား....?"
"ဒါဆို မင်းဘာလို့ သူ့ကို ကြောက်အောင်
လုပ်နေရတာလည်း? သူအခု မင်းကို
ကြောက်နေတယ်ဆိုတာ မင်းမသိဘူးလား?"
"သူ လဝန်းအပေါ် မဟုတ်တာ လုပ်ထားလို့
နေမှာပေါ့"
လဝန်းဟာ ဖြူစင်မြင့်မိုရ်ကို စူးစိုက်ကြည့်ကာ
ထိုတစ်ခွန်းပင် ဆိုလိုက်သည်။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
