Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🌝🧚(3)
ရုတ်တရက်ကြီး ကောက်ခါငင်ခါ ခုန်ကာ
ဖက်တွယ်လာသည့် ကောင်မလေးကို
နေစွမ်း အလိုက်သင့် ထိန်းထားပေးမိသည်။ကိုကို ပြန်ရောက်လာလို့ လဝန်း ဝမ်းသာအားရနဲ့
ဖက်တွယ်လိုက်ပေမယ့် ရုတ်တရက်မိမိဟာ
ငယ်ငယ်တုန်းက ကလေးလိုမဟုတ်တော့တာကို
သတိထားမိတာကြောင့် ကိုကို့ပေါ်မှ ဆင်းလိုက်သည်။
ထို့နောက် ရှက်မျက်နှာလေးဖြင့် သူ့ကိုကြည့်လာသည့်သူမ
"လဝန်း...လဝန်း ဝမ်းသာပြီးတော့ ကိုကို့ကို...""အဟမ်း! ရတယ်...ကိုယ်နားလည်တယ်"
သူမ ပြောလာမည့်စကားကို သူသိနေတာကြောင့်
ချောင်းဟမ့်ကာ ဖြေလိုက်သည်။"လဝန်းကြောင့် ကိုကို့အင်္ကျီစွန်းသွားပြီ
ဘယ်လိုလုပ်မလည်းဟင်? "စိုးရိမ်မျက်ဝန်းလေးဖြင့် ပြောလာတဲ့
ကောင်မလေးကို သူဟာဘာမှမဖြစ်ဘူးဟု
ပြောလိုက်သည်။ထို့နောက်"ကိုယ်နဲ့ခဏလိုက်ခဲ့...
လူရှင်းတဲ့နေရာမှာမင်းကို ထိုင်ခိုင်းမလို့ ;
ဒီနေရာက လူရှုပ်တယ်၊
ကိုယ် အင်္ကျီလဲပြီးတာနဲ့ ပြန်လာခဲ့မယ်;
အဲ့ဒီမှာ ထိုင်ပြီး ခဏစောင့်နေ...."ထို့နောက် ကိုကို ဟာ လဝန်းလက်ကောက်ဝတ်လေးကို ကိုင်ဆွဲကာ ထိုနေရာသို့ ခေါ်သွားသည်။
Sunဟာ ထိုကောင်မလေးကို ထိုင်ဖို့နေရာ
ပြထားခဲ့ပြီး စံအိမ်ကြီးထဲ ပြန်ဝင်ကာ
အဝတ်အစားလဲဖို့ ပြန်လာတော့ သူ့ကိုမြင်တဲ့
ဒယ်ဒီဟာ လှမ်းခေါ်သည်။ သို့ပေမယ့်သူဟာ
အဝတ်အစားပြန်လဲပြီးမှ လာခဲ့မယ်ဟု
ပြောလိုက်သည်။ဦးမင်းမဟာမြတ်ကိုယ်တိုင် ရတနာ့ဗိမာန်စံအိမ်က လုပ်ငန်းမိတ်ဆွေတွေကို မတ်တပ်ရပ်ကာ ဧည့်ခံနေရင်းမှ ဒေါ်ကျော့ကျော့ကေဟာ
ဝိုင်ခွက်ကိုကိုင်ရင်း ပြောလာသည်က..."သူဌေးမင်းရဲ့သားက လူချောဘဲနော်"
"အဟွန်း...ဟုတ်တယ်ဗျ; ကျနော့်သားက
တောင့်လည်းတောင့်တယ်၊ဖြောင့်လည်းဖြောင့်တယ်"

CZYTASZ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romansလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)