Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၁၂)
ကျောင်းသားတစ်ယောက်ရဲ့ တာဝန်က
ကျောင်းစာလုပ်ဖို့က အဓိက ဆိုပေမယ့်
လဝန်းအတွက်ကတော့ ကျောင်းစာကို
လုပ်ရတဲ့အပြင် အိမ်အလုပ်ကိုလည်း
ထောင့်စေ့နေအောင် လုပ်ရသေးသည်။
ဖြူမနဲ့မိဆွေက ရတနာ့ဗိမာန်စံအိမ်ရဲ့တာဝန်ကို
ယူရတဲ့ အဓိက အလုပ်သမား နှစ်ယောက်ဖြစ်ပေမယ့်လည်း လဝန်းက ဒီအိမ်ရဲ့ အခိုင်းအစေနဲ့
မခြားနားပေ။
သို့ပေမယ့် ဖြူမ နဲ့ မိဆွေ တို့ရဲ့အနိုင်ကျင့်မှုတွေကို အရင်ကငြိမ်ခံသင့်သလောက် ငြိမ်ခံခဲ့ပေမယ့်
အခုတော့ လဝန်းဟာ လဝန်း အသားနာရင်
တိုက်ရိုက် ပြန်လုပ်တာလာမို့ ဖြူမနဲ့မိဆွေဟာ
လဝန်းကို တော်ရုံနဲ့ မထိရဲကြတော့ပါ။
တစ်ခါတစ်လေ ဗီလိန်လုပ်ရတာဟာ
မကောင်းတဲ့သူတွေအတွက်တော့ ကောင်းသား။
မနက်အာရုံတက် မျက်လုံးနှစ်လုံးပွင့်တာနဲ့
လဝန်းဟာ အဖွားဒေါ်မြခက် နဲ့
မာမီဒေါ်ကျော့ကျော့ကေ နဲ့ လဝန်းဖေဖေ
မနက်စာ စားဖို့ကို ကိုယ်တိုင်ကိုယ်ကျ ပြင်ပေးရသည်။
သူဌေးတွေဆိုတော့ မနက်စာကို သူများတွေလို
အသုပ်တွေဘာတွေ သိပ်မစားကြဘဲ
ရိုးရှင်းစွာ ပေါင်မုန့်နဲ့ကော်ဖီ၊ သစ်သီးတွေကိုသာ
သုံးဆောင်ကြသည်။
လဝန်းအတွက် မနက်စာလုပ်ရသည်က
အခက်အခဲ စိုးစဉ်းမျှ မရှိပါ။
ကော််ဖီ ပူပူလေးကို ကျိုပြီးနောက်
ကြွေကရားအဖြူလေးထဲ လောင်းထည့်ကာ
ကျွန်းစားပွဲခုံတွင် အဆင်သင့် တင်ထားလိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲက
Pucci ,Good Morning ပေါင်မုန့်တို့ကို
ထုတ်ကာ oven ထဲ အနွေးဓာတ်ပေးပြီးမှကြွေပန်းကန်ပြားလေးတွေထဲ
တစ်ချက်ချင်း လိုက်ထည့်နေသည်။
အားလုံးပြီးစီးသွားတော့ လဝန်းဖေဖေကြိုက်တဲ့
ကီဝီ အစိမ်းသီးကို လှလှပပသေသေသပ်သပ်
လေး ခွဲလိုက်ပြီး ကြွေပန်းကန်လုံး
အစိမ်းလေးထဲ ထည့်လိုက်သည်။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
