Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚☪(၆)
"ယံယံ...စားပွဲခုံပေါ်က လက်ဆောင်အိတ်လေး
နှစ်အိတ်က ဘယ်သူ့အတွက်လည်း?
မဟုတ်မှ ငါနဲ့ တာရာအတွက်လား?"
ယံယံဟာ ကာတွန်းစာအုပ်ဖတ်နေရင်းမှ
သူမ ဘက်လှည့်လာကာ ခေါင်းငြိမ့်ပြသည်။
"ဘာတွေလည်းဟင်...ငါဖောက်ကြည့်လိုက်မယ်နော်"
"ပန်းရောင်လေးနဲ့ဟာက နင့်အတွက်
အပြာရောင်လေးနဲ့က တာ့ရာ့အတွက်"
လဝန်းဟာ ယံယံပြောတဲ့အတိုင်း ပန်းရောင်
အိတ် သေးသေးလေးကို ဖောက်လိုက်တော့
လှပစွာ အရောင်တလက်လက်နဲ့ ထွက်ပေါ်လာသည့် ဟန်းချိန်းလေး တစ်ခု....။
"ဟယ်...ဟန်းချိန်းလေးကလှလိုက်တာ
ယံယံရယ်"
"ငါတို့နှစ်ယောက် ဆင်တူ ဝယ်ထားတာလေ"
"ဟုတ်လား..."
"ဒီမှာ မတွေ့ဘူးလား ငါ့လက်မှာလည်း
စွတ်ထားတယ်..."
"ယံယံ ...လက်ကောက် ဟန်းချိန်းလေးက
ဘယ်လောက်လည်း...တကယ့်အစစ်ကျနေတာ"
"အဲ့ဒါ အစစ်ဘဲလေ..."
"ဟင်!"
"ဟုတ်တယ်...တကယ်ပြောတာ အဲ့ဒါက
၁၅ သိန်း ပေးရတယ်"
"၁၅ သိန်းတောင်! "
"ဟုတ်တယ် ငါ့အဖေနဲ့အမေ့ကို ပူဆာလိုက်တာ"
၁၅ သိန်းဟူသည့် ပမာဏကို
ဘာမှမဖြစ်သလို ပုံစံနဲ့ လက်ဆောင်ပေးတဲ့
သူငယ်ချင်း ယံယံကြောင့် လဝန်း ပါးစပ်အဟောင်းသား ဖြစ်မည်သည်။
"ဪ...ဒါနဲ့လေ ငါ့အစား နင်ကိုယ်တိုင်ဘဲ
တာရာ့ကို လက်ဆောင်ပေးပေးပါလားဟင်"
"ဟင်ဘာဖြစ်လို့လည်း"
"ငါပေးရင်သူက အမြဲတမ်း ငြင်းတယ်လေ
နင်နဲ့သူနဲ့ကျတော့ ပိုပြီးရင်းနှီးတယ်မလား"
"ဒါပေမယ့် နင်ကိုယ်တိုင်လက်ဆောင်
ဝယ်လာတာဘဲ နင်ကိုယ်တိုင်သူ့ကို လက်ဆောင်
ပေးသင့်တယ် ယံယံ"
"နင်ကငါ့ကို ဒါလေးတစ်ခုတောင် မကူညီနိုင်ဘူးလား?အဲ့ဒါဆိုလည်း ငါဒီတိုင်းဘဲ ထားလိုက်တော့မယ်"
ESTÁS LEYENDO
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romanceလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
