🚨21+🚨 𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! (29)

19.7K 287 28
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၉)

နေစွမ်းအခန်းထဲသို့ ဝင်လာပြီးနောက်
အပြင်က ဘယ်သူမှ ဝင်မလာနိုင်စေရန်
တံခါးလော့ခ်ချကာ ယိုင်တိုင်တိုင်ဖြင့်
ဝင်လာသည်။

ထို့နောက် သူဝတ်ထားတဲ့ ဂျာကင်အနက်ကို
တုန်ယင်နေတဲ့ လက်ဖြင့် ဆွဲချွတ်ပြီး
အခန်းထဲမှာရှိနေတဲ့ သူမကို သူဟာဝေ့ပတ်ပြီး
ရှာမိသည်။

"လဝန်း...မင်းဘယ်မှာလည်း?"

"....."

"ကိုကို မင်းကိုခေါ်နေတယ်လေကွာ!"

မောဟိုက်နေသည့် အသံဖြင့် ပေါက်ကွဲချင်နေသည့် သွေးသားဆန္ဒကိုတတ်နိုင်သမျှ ထိန်းရင်း
သူမ ရှ်ိနိုင်မည့်အခန်းထဲ သူလိုက်ရှာနေမိသည်။

ထိုသို့လိုက်ရှာနေရင်းမှ မတော်တဆ
ရေချိုးခန်းထဲရောက်တော့ ပူလောင်မှုတွေ
ပြေပျောက်လို့ပြေပျောက်ငြား တွေးကာ
ရေပိုက်ကိုအမြန်ဖွင့်လိုက်သည်။

ထို့နောက် အောက်ခံအင်္ကျီအဖြူကို
သူကိုယ်တိုင်ပင်ဆွဲဖြဲကာ ချွတ်လိုက်ပြီး
ရေပိုက်ခေါင်းမှကျလာတဲ့ ရေတွေကို
သူခံယူနေမိသည်။

ရေစီးကြောင်းတစ်လျှောက်သည်
သူ့ရဲ့ကြွက်သားအမြောင်းမြောင်းထနေတဲ့
ဝမ်းဗိုက်ပိုင်းနှင့် တောင့်တင်းနေတဲ့
ရင်အုံများပေါ်သို့ ဖြတ်သန်းရင်း
အမွှေးအမျှင်အနည်းငယ်ရှိသည့် အပိုင်းသို့
ဦးတည်ပြီး ဆင်းသက်ကြကုန်သည်။

ထို့နောက် မှန်ထဲက တစ်စုံတစ်ခုကို
လိုချင်တပ်မက်မောနေတဲ့ သူ့ကိုယ့်ကိုယ်ကို
ကြည့်ပြီး လွန်စွာကိုမှ စိတ်ပျက်နေလေသည်။

ရေအေးဘယ်လောက်ဘဲခံခံ လုံးဝ
မသက်သာတဲ့ အပြင် တစ်စထက်တစ်စပိုပြီး
ပိုပိုပူလောင်လာရတာကြောင့် ကျလာတဲ့
ရေအေးတွေကို လက်နဲ့ခံယူရင်း
မျက်နှာကို အကြမ်းပတမ်းပွတ်ပစ်သည်မှာ
အကြိမ်ကြိမ်။

ရေခဲကန် ရှိလို့ကတော့ သူဟာ အခုချက်ချင်း
ဝင်ခုန်ပြီးဆင်းပြေးမိမှာအမှန်။

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Место, где живут истории. Откройте их для себя