🚨21+🚨!𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! (31)

13.4K 254 20
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ 🚨🚨

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၃၁)

"အဟွန်း....!
မင်း သဘောမတူလည်း မရတော့ဘူး?
လဝန်းက ကိုယ့်မိန်းမဖြစ်နေပြီလေ ငါ့ညီ"

သူရိန်ထက်ဟာ ထိုဘဲရဲ့စကားကြောင့်
လက်သီးတနုံ့နုံ့ဖြင့် အံကြိတ်ရင်း
လူကြီးတွေကြားထဲ ရှိနေတာမို့
ထွက်လာတဲ့ ဒေါသကို ပြန်မျိုချလိုက်သည်။

"စိတ်ချပါ ....
မင်းတို့သူငယ်ချင်း လဝန်းကို ငါအကောင်းဆုံး
စိတ်ချမ်းသာအောင် လိုလေသေးမရှိထားပါ့မယ်"

တာရာဟာ အကိုဖြစ်သူရဲ့စကားကြောင့်
ဟင်းခနဲသက်ပြင်းချပြီး သူရိန့်ကိုကြည့်မိသည်။
အစ်ကိုနေစွမ်းဟာ လဝန်းကို စိတ်ချမ်းသာအောင် ထားမည်ဟု ယုံကြည်ပေမယ့်လည်း
ရုတ်တရက်ဆန်လွန်းတဲ့ အ‌ခြေအနေတွေကြောင့်
စိတ်ထဲ တစ်စုံတစ်ရာကို မသင်္ကာသလိုလည်း
ခံစားနေမိသည်။

"ဆေးထိုးအပ်နဲ့ လုပ်ကြံတဲ့ကောင်တွေကို
ဖမ်းဖို့ အစီအစဉ်မရှိဘူးလား?"

တာရာမေးလာတာကြောင့် နေစွမ်းဟာ
မျက်ခုံးကျုံ့သွားရပြီး မနေ့ညက ဖြစ်ပျက်ခဲ့တဲ့
အဓိကအကြောင်းအရင်းရဲ့ တရားခံဖြစ်တဲ့
ထိုမူးမူးရူးရူးဆေးသမားတွေရဲ့ပုံစံကို
မျက်လုံးထဲ မြင်ယောင်လာမိသည်။

"အဲ့ကောင်တွေကို ရှာရင်တောင်
သူတို့က အစအနဖျောက်နေလောက်ပြီ
အဲ့ကောင်လိုလူမျိုးတွေ ငါ့ဟိုတယ်မှာ
တည်းမခိုနိုင်အောင် လုံခြုံရေးတင်းကျပ်မှ
ဖြစ်မယ်"

"နေစွမ်း..."

အကိုဖြစ်သူ စစ်မင်းထက်မှ မိုးမမမေလေးကို
ပွေ့ချီပြီး သူ့နာမည်အား ခေါ်လာသည်။

"အဲ့ကလေးမလေးကို မင်းဘက်က တာဝန်ယူမယ်လို့ ပြောပြီးပေမယ့် မင်းဒယ်ဒီက
တကယ်ဘဲ သဘောတူနိုင်ပါ့မလား?"

"ကျနော်ပြောပြပြီးပြီ အကို ...
ကျနော် လဝန်းကို အဆုံးထိတာဝန်ယူသွားမှာပါ"

နေစွမ်းရဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အားလုံးရှေ့
ဝန်ခံချပြပြီးနောက် သူမနဲအတူတူ
ဖြစ်လာသမျှ အကြောင်းမှတ်ပြီး
ရှေ့ဆက်သွားဖို့ အခိုင်အမာကို သန္တိဌာန်ချထားသည်။

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Où les histoires vivent. Découvrez maintenant