𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (17)

3.3K 122 5
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၁၇)

"ဘယ်လို...လပြည့်ဝန်းမေကို ဖုန်းဝယ်ပေးလိုက်တယ် ဟုတ်လား!"

ဒေါ်ကျော့ကျော့ကေတစ်ယောက်
လုပ်ငန်းရှင် အစည်းအဝေးပွဲကနေ
ပြန်လာရင်း ယောကျာ်းဖြစ်သူဆီမှ
ပထမဦးဆုံးကြားလိုက်ရတဲ့ စကားတစ်ခွန်း။

"မိုရ်လေးက ကိုယ့်ကိုအတင်းပူဆာပြီး
ဝယ်ခိုင်းလို့ပါကွာ..."

"မိုရ်လေးက ဘာလို့ လပြည့်ဝန်းမေအတွက်
ဝယ်ခိုင်းလည်း ရှင်မမေးဘူးလား?"

"ကိုယ်မေးတယ်လေ၊
ဒါပေမယ့် ကိုယ်တို့နှစ်ယောက် အိမ်ကို
ပြန်ရောက်မှ ရှင်းပြမယ်ဆိုပြီးဘဲ ပြောတယ်"

ဒေါ်ကျော့ကျော့ကေအတွက် ဖုန်းတစ်လုံး
တန်ကြေးက ဘယ်လောက်မှ
မပြောပလောက်ပေမယ့် လပြည့်ဝန်းမေကို
သူမရဲ့သမီးရင်းဖြစ်တဲ့
ဖြူစင်မြင့်မိုရ်ကိုယ်တိုင်က ဝယ်ခိုင်းတာမို့
ဘာကြောင့်လည်းဆိုတာ သူမ
သိချင်မိတော့သည်။

"အဲ့တော့ ရှင်က ရှင့်ရဲ့ မယားပါသမီးကို
ဘာဖုန်းဝယ်ပေးလိုက်သလည်း?"

"မိုရ်လေးပြောတဲ့အတိုင်း ကိုယ်က
Samsung နောက်ဆုံးပေါ်တွေထဲက
တစ်လုံးဝယ်ပေးလိုက်တယ်လေ..."

"ဘာလို့ဝယ်ခိုင်းလည်းဆိုတာကို
သေချာကို မမေးဘူး!
ရှင်ကလေ အလုပ်လုပ်တာ အသုံးကျပေမယ့်
ဒါမျိုးကျတော့ သုံးစားလို့ကို မရဘူး!
ရှင် မိသားစုနဲ့ ပတ်သတ်ပြီး ဘယ်နေရာမှာများ
အသုံးကျဖူးတာရှိလည်းဟမ်!
ယောကျာ်းဖြစ်ပြီး အားကိုးရမယ်ထင်လို့
ယူခဲ့မိပါတယ်!
ကျွန်မအမေရဲ့အမွေဆက်ခံတဲ့
လုပ်ငန်းရှိနေလို့သာပေါ့!
ဆင်းများဆင်းရဲလို့ကတော့ ရှင့်လိုလူကို
ယူမိရင် ငါးပါးမှောက်မှာ ရှင်သိလား!
မိန်းမထဘီနား ကပ်စားနေရတယ်လို့! "

ဒေါ်ကျော့ကျော့ကေဟာ သူမရဲ့ ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးပြီး ကြည့်ကာ လက်ညိုး
တထိုးထိုးဖြင့် မဲ့ရွဲ့ကာပြောဆိုမိသည်။
ထို့နောက် သူမ နားထင်ကို လက်ညိုးဖြင့်ဖိကာ
အခုချိန်ထိ အလုပ်မလုပ်ဘဲ ရပ်နေတဲ့
ခင်ပွန်းဖြစ်သူကို...

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Donde viven las historias. Descúbrelo ahora