Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၁၅)
ဖြူစင်မြင့်မိုရ်ဆိုတဲ့ သူမဟာ အိမ်ပေါ်ကနေ
ဒုန်းဆိုင်းဆင်းလာပြီး ဖြူမနဲ့ မိဆွေကို
အော်ခေါ်လိုက်သည်။
"ဖြူမ! မိဆွေ! နင်တို့ ဘယ်မှာလည်း!"
သူမ ဘယ်လောက်ဘဲ အော်ခေါ်နေပါစေ
သူ့အသံကို တစ်ယောက်မှ မကြားကြတာကြောင့်
မိုရ် ဟာ စိတ်တိုလာရသည်။
"တောက်!"
မိုရ်ဟာ ဆံပင်ကို စုတ်ဖွာပစ်လိုက်ပြီး
လေပူတစ်ချက်မှုတ်ထုတ်ကာ
ခြံထဲသို့ ထွက်လာလိုက်သည်။
သူမ ခြံထဲသို့ ရောက်လာတော့ ဖြူမနဲ့မိဆွေဟာ
ဖွားဖွားရဲ့အပင်တွေကို စကားတပြောပြောနဲ့ရေလောင်းပေါင်းသင်းနေကြသည်။
"နင်တို့ ငါခေါ်နေတာ မကြားဘူးလား! ဟမ်!"
"အမေ့!"
ဖြူမနဲ့မိဆွေဟာ သူတို့မမလေးရဲ့ အသံကြောင့်
လန့်သွားရပြီး ရေပိုက်ကို မြေပြင်ထက်ချကာ
မိဆွေက ရေပိုက်ကို သွားပိတ်သည်။
ထို့နောက် သူတို့နှစ်ယောက်ဟာ မို့ရ်ရှေ့မှာ
လက်နှစ်ဖက် ကိုယ်စီ ယှက်ပြီး ခေါင်းငုံ့ထားကြသည်။
"အပင်တွေကို ရေလောင်း ပေါင်းသင်းတာက
တစ်ယောက်ဘဲ လုပ်လို့ရတယ်လေ!"
"ဟို...ဟို...နှစ်ယောက်မြန်မြန်လုပ်ရင်
ပြီးမယ်ထင်လို့ပါ မမလေး...."
"အိမ်မှာ လူတွေ အများကြီးရှိပြီး တစ်ယောက်မှလည်း အားမကိုးရဘူး!
လစာကိုတော့ ယူဖို့သိတတ်ကြပြီး
အိမ်ပြန်ချိန်ရောက်တော့ ပြန်သွားကြတာဘဲ!
အလုပ်သမားတွေ သူတို့အိမ် သူတို့ပြန်သွားရင်
နင်တို့နှစ်ယောက်ထဲပ တစ်ယောက်က
စံအိမ်ထဲမှာ ရှိနေရမှာလေ! နားမလည်ဘူးလား!"
"ဟုတ်...ဟုတ်...နားလည်ပါတယ် မမလေး..."
"ပြီးဝော့ ခြံအလုပ်ကို ခြံစောင့်တွေဘဲ လုပ်လိမ့်မယ်! နင်တို့လုပ်စရာ မလိုဘူးဆိုတာ သိလား!"
"ဖွားဖွားကြီးက လုပ်ခိုင်းထားလို့ပါ...."
"နင့်ပါးစပ်ပိတ်ထားစမ်း! ဖြူမ!
ငါဘာဆင်ခြေမှ မကြားချင်ဘူး! တောက်!"
DU LIEST GERADE
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romantikလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
